ဘုရားချစ်တဲ့သိုးလေး – မာရဇ္ဇ

Record Tracklist

  1. ဘုရားချစ်တဲ့သိုးလေး – မာရဇ္ဇ -:-- / 4:05

တေးရေး-စောနဲတာ

VERSE 1
ကိုယ်တော်ပြင်ဆင်ထား လောကထဲ
ကျင်လည်စဉ် ခဏ လိုက်လျှောက်ချိန်လေးမှာ
ထင်ရာတွေကို စိုင်းပြီး ဖြုန်းခဲ့တဲ့အချိန်တွေအတွက်
နောင်တရမဆုံး ရင်မှာ ကြေကွဲဖွယ်

VERSE 2
ကိုယ်တော်အလိုတော်ကို ဝန်ခံတတ်ဖို့အတွက်
လှပတဲ့ နှလုံးသားလေး ပေးထားတယ် ဟူး
ထက်မြက်တဲ့ ဦးနှောက်ကလေးနဲ့ စဉ်းစားကြည့်မယ်ဆိုရင်
ဘုရားချစ်တဲ့ သိုးလေးဖြစ်လာမယ်

CHORUS
အမှောင်ထုဖုံးလွှမ်းတဲ့ လောက ဒုစရိုက်ပေါများနေဆဲလား
ကြမ်းတမ်းတဲ့ခရောင်းလမ်းများ လျှောက်ပါ
ဝိညာဉ်လေးတွေ တိုးပွားစေဖို့အတွက်ပါ
ဒုက္ခလေးတွေ ခံလာခဲ့ပြီးမှ အေးမြတဲ့မေတ္တာကိုရမယ်
အားတင်းထားကွယ် အသင် လူသားရယ်

မူရင်း- ဖိုးကာ/အလင်းခွန်အားစီးရီး