မိဘမေတ္တာဖွဲ့တေးများ

မိဘမေတ္တာဖွဲ့တေးများ စုစည်းမှု

  1. ၁။ အဖေ့အေးရိပ်(နားခိုရာ) မီးမီးခဲ 4:09
  2. ၂။ စုန်ရေ (ကျောက်ဆောင်) မီးမီးခဲ 3:19
  3. ၃။ ဖေဖေမေမေ (ကိုးစားမျှော်ကြည့်ရာ) ကဗျာဘွဲ့မှူး + မီးမီးခဲ 3:29
  4. ၄။ အဖေအမေ (David Sangpi-100% Jesus) David Sangpi 4:41
  5. ၅။ ကျေးဇူးပဲမေမေ(သူရဲကောင်း) ရတနာဦး 4:56
  6. ၆။ သမိုင်းတင်လောက်တဲ့မေမေ(အနက်ရှိုင်းဆုံးချစ်မယ့်သူ) ရတနာဦး 5:05
  7. ၇။ ငြိမ်းချမ်းပါစေမေမေ (God Bless You) ဂရေဟမ် 3:25
  8. ၈။ အဖေ့မေတ္တာ (အပယ်ခံဒုက္ခမြစ်ရဲ့ ဟိုတဖက်ကမ်းမှာ) စောလေးဝါးထူး 2:55
  9. ၉။ အလေးပြုပါတယ်ဖေဖေ (လိုအပ်ချက်) ချစ်ကောင်း 4:16
  10. ၁၀။ အမေ့မျက်ရည်(တည်နေမယ့်ဂတိတော်) ဘရန်ဆိုင်း 4:04
  11. ၁၁။ ဖေဖေ့အတွက် (ဆုံဆည်းခွင့်) ကဗျာဘွဲ့မှူး 3:55

Embed

Copy and paste this code to your site to embed.

အဖေ့အေးရိပ်

တေးရေး-စံပီး၊ တေးဆို-မီးမီးခဲ

ကြင်နာစွာ ချော့သိပ်ခြင်းတွေ မပြုအားလည်း လိုအင်တွေကို ဖြည့်စွမ်းပေးကာရယ်
ကြုံလာမယ့် လူ့လောကကြီးထဲ လမ်းမမှားရန် အဖေဟာ တည့်မတ်ပေးတယ်
ချိုသာတဲ့ စကားလုံးလေးတွေ သီကုံးကာ တစ်ခါတစ်ခါမှာ မပြောဖြစ်ခဲ့ပေမယ့်
မြင်နေတယ် မျက်ဝန်းများထဲက စကားလုံးတွေ ဒီရင်ထဲ ခံစားချက်နားလည်

ဖေဖေ ကျေးဇူးပဲအဖေ
ပြောလိုက်ရုံနဲ့ လုံလောက်မယ် မထင်ဘူးလေ
အဖေ ကျေးဇူးကြောင့်သာ ယခု အရွယ်ထိ ရောက်ခဲ့ပြီလေ
(ဖေဖေ တကယ် ကျေးဇူးတင်လို့ မဆုံးဘူးလေ)

ခိုင်မာတဲ့ တောင်တန်းရဲ့အထက်မှာ ပွင့်လန်းတဲ့ ရောင်စုံဝေဆာ ပန်းလေးများလိုပဲ
ခိုင်မာတဲ့ အဖေ့ရဲ့ ထွေးပွေ့မှုအောက်မှာ ရှင်သန်နေထိုင်ပြင်းခဲ့ပြီ
ရာသီတွေ ပြောင်းလဲသွားကာ အိုမင်းလည်း အချိန်ရှိတိုင်း ဒီသားသမီးအတွက်ဆိုရင်
အနွံတာခံ ချစ်ခြင်းနဲ့ အဖေ့ရဲ့အေးရိပ်ဟာ နောင်လာမယ့် နှစ်ပေါင်းများထိတိုင်

စုန်ရေ

တေးရေး-စောဝင်းလွင်၊ တေးဆို-မီးမီးခဲ

သားသမီးအပေါ်မှာ အကြင်နာကျေးဇူးတရားတွေနဲ့
နောင်တလမ်းထဲ သွေးဆောင်ကာ လမ်းပြနေ
ကျမျက်ရည်တွေ သွန်သင်ဆုံးမ စကားသံတွေ
ကြားယောင် မြင်လေတိုင်း အဖေ့အတွက်ပါ ဒီသီချင်း

အနာဂတ်လမ်းကို မီးမောင်းထိုးကာ လမ်းပြပေးသူ
အမှောင်လမ်းထဲမှာ လမ်းမမှားရန် အလင်းများပေးသူ
ပညာတရားများကို လက်တွဲဖို့ အဖော်အဖြစ် ပေးစွမ်းသူ
လူလားမြောက်အောင် ပြုစုကို သွန်သင်လာခဲ့
အဖေ့တွက် သီချင်း

ကျေးဇူးဆပ်မကုန်ပါ အကြင်နာအေးမြ စမ်းရေပမာ
လူ့ဘုံရဲ့နန်းမှာ လှမ်းမမှီနိုင် အဖေ့မေတ္တာ
သားသမီးတွေအတွက် ရင်ဆိုင်ခဲ့ရ ပြဿနာများ
အပြုံးနဲ့ မာန်ကိုတင်း သီချင်းလေးတွေ သီဆိုရင်း

ဖေဖေမေမေ

တေးဆို-ကဗျာဘွဲ့မှူး+မီးမီးခဲ

အကောင်းဆုံးပါပဲ ချစ်သော ဖေဖေ
ပူလောင်ခံကာ ကြိုးစားခဲ့တယ် အမြဲအစဉ်
ဆုံဆည်းခဲ့ အချစ်များနဲ့တော့ ကွာခြား
ကျေးဇူးပါပဲ ဖေဖေ

အမြတ်ဆုံးပါပဲ ချစ်သော ဖေဖေ
နာကျင်ခံကာ ပေးဆပ်ခဲ့တယ် ဘဝမှာ
အလွန်ကြီးမား သန့်ရှင်းတဲ့ သစ္စာတရားတွေ
ဆပ်လို့မကုန်ဘူး ဖေဖေ

ထာဝစဉ်ပါ ဖေဖေ/မေမေ တကယ် နူးညံ့တဲ့အချစ်တွေ
နှလုံးသားမှာ အစဉ် ကိန်းအောင်းနေတယ်
ထာဝစဉ်ပါ ဖေဖေ/မေမေ ကိုယ်ကျိုးစွန့်နိုင်လွန်းသူ
နှလုံးသားမှာ တည်မြဲ/ခိုင်မြဲဆဲပဲလေ

အကောင်းဆုံးပါပဲ ချစ်သော မေမေ
ဝေဒနာခံကာ နွေးထွေးပေးတဲ့ မေတ္တာ
ဆုံဆည်းခဲ့ အချစ်များနဲ့တော့ ကွာခြား
ကျေးဇူးပါပဲ မေမေ

အမြတ်ဆုံးပါပဲ ချစ်သော မေမေ
အနွံတာခံကာ ကျွေးမွေးခဲ့တယ် ဘဝမှာ
အလွန်ကြီးမား သန့်ရှင်းသော ဂရုဏာတရားတွေ
ဆပ်လို့မကုန်ဘူး မေမေ