ကျွန်ုပ်ကိုသတိရပါ – စိုင်းအောင်ထီးခမ်း

Record Tracklist

  1. ကျွန်ုပ်ကိုသတိရပါ – စိုင်းအောင်ထီးခမ်း -:-- / 5:34

VERSE 1
ကျွန်ုပ်ရဲ့အပြစ်ကြောင့် တုန့်ပြန်မရမဖြစ်ခံရချိန်
ကျွန်ုပ်ရဲ့အမှားကြောင့် ဒုက္ခသစ်တိုင်ပေါ်ရောက်ချိန်
အရာရာကို အပြစ်တင်သောသူ ကျွန်ုပ်မဖြစ်လိုပါ
ကိုယ်တော်ကို ကဲ့ရဲ့သောသူ ကျွနု်ပ်မဖြစ်လိုပါ
ကျွနု်ပ်ရဲ့အပြစ်ကြောင့်သာ ကျွန်ုပ်အမှားများကြောင့်သာ
ထိုက်သင့်ခံနေသည်ကို ဝန်ခံနေရင်းသာ

CHORUS
(ကိုယ်တော်နိုင်ငံတော်ဆီ ကိုယ်တော်ကြွဝင်သောအခါ
ကျွနု်ပ်ကို အောက်မေ့တော်မူပါ)၂
ကိုယ်တော်နိုင်ငံတော်ကို ရောက်သောအခါ
ကိုယ်တော်ဘုန်းတော်ဂုဏ်တော် ဝင်စားသောအခါ
အပြစ်ရှိသူ ကျွနု်ပ်ကိုအောက်မေ့တော်မူပါ သတိရပါ

VERSE 2
ဘုရားမဲ့တရားမဲ့ အတွေးဝင် နှောက်ယှက်ဖျက်ဆီးချိန်
လွဲမှားအတွေးနဲ့ ဆုံးဖြတ် အသိဉာဏ်မျက်ကန်းချိန်
ကိုယ်တော်ကို အပ်နှံသောသူ ကျွန်ုပ်မဖြစ်လိုပါ
မှန်ရာကို ငြင်းပယ်သောသူ ကျွန်ုပ်မဖြစ်လိုပါ
အနှောက်အယှက်များကြားမှာ ယုံမှားခြင်းအတွေးမှာ
ရုန်းထွက်ရှောင်ခွာနိုင်ရန် ကိုယ်တော်ကူပေးပါ

VERSE 3
ဘဝရဲ့မျက်ရည် ကျွနု်ပ်ရဲ့အစာဖြစ်ချိန်
ဒုက္ခများက ကျွန်ုပ်ရဲ့ဘဝကို ချေဖျက်ချိန်
အရာရာကို အပြစ်မြင်သောသူ ကျွန်ုပ်မဖြစ်လိုပါ
ကိုယ်တော်ကို သစ္စာမဲ့သူ ကျွနု်ပ်မဖြစ်လိုပါ
ကျွန်ုပ်ရဲ့ဒုက္ခမှာ ကျွန်ုပ်အားနည်းခြင်းမှာ
ရဲရင့်ခံနိုင်စေရန် ကိုယ်တော်ကူပေးပါ