အလိုတော်အတိုင်း – L လွန်းဝါ

Record Tracklist

  1. အလိုတော်အတိုင်း – L လွန်းဝါ -:-- / 5:17

VERSE 1
ကိုယ်ကျန်းမာနေနိုင်ရန် စိတ်ချမ်းသာနေနိုင်ရန်
ငြိမ်းချမ်းသော ဘဝနဲ့အသက်တာ ဒီဆုမျိုးမတောင်းဝံ့ပါ
မျက်ရည်ကျချိန်မှာ ဝမ်းနည်းရစဉ်ခါ
ခံနိုင်ရန် ခွန်အားသာပေးပါ

VERSE 2
ဆန္ဒတွေတည်နေရာ မက်မောစရာရင်ခွင်မှာ
ရှင်းသန့်တဲ့ နှလုံးနဲ့ဝိညာဉ် ဒဏ်ရာများရှိတဲ့အခါ
အပြစ်နွံနစ်စဉ်မှာ ဆုံးရှုံးခြင်းအလယ်မှာ
ကယ်တင်ရန် လက်ကမ်းကူပေးပါ

CHORUS
အလိုတော်အတိုင်း ဘဝကို သင်ပေးပါ
စုံလင်သောဘဝအတွက် ပုံသွင်းပါ
ယုံကြည်သောအသက်တာ သင်ပေးပါ
အလိုတော်အတိုင်းသာ အလိုတော်အတိုင်းသာ
အလိုတော်အတိုင်း ဘဝကို ပုံအပ်ပြီး
လိုရာအသုံးပြုပါ ညွှန်ကြားပါ
အစေခံခြင်းအသက်တာ ဆင်ပေးပါ
ရှင်သန်အသက်တာ အလိုတော်အတိုင်းသာ ဖြစ်စေပါ