တေးရး – စောတင့်ထူး၊ ဝိုင်ယာ
VERSE:
(အနာဂတ်သာသနာခရီးအတွက် ဒို့များရဲ့ခန္ဓာစိတ်တွေ
ပေးလှူရင်းနဲ့ အသက်ရှင်သွား
ကန္တာရလမ်းတွေ ကြမ်းပါစေ ဂမူချောက်ကမ်းပါးတွေရှိပါစေ
ဆုတောင်းရင်းနဲ့ ရှေ့ချီမယ်)၂
CHORUS:
ဟိုမှာကြည့်စမ်း အနီးဝန်းကျင် ယာခင်းလယ်ကွက်တွေ
မှည့်ဝင်းနေစပါးတွေ တာဝန်ဘယ်သူရှိလဲ
သခင်ရဲ့ဘုန်းအလင်းတော် အစဉ်အမြဲ ထင်ရှားရန်
အကောင်းဆုံးလေးနဲ့ အသက်ရှင်မယ် ရှိတဲ့အစွမ်းနဲ့ နိုင်ရာထမ်းမယ်
RAP 1:
ဒုစရိုက်များနဲ့ ပြည့်နှက်နေတဲ့ ဒီကမ္ဘာလောကကြီးမှာ အငြိုးတွေထား အမုန်တွေပွားကာ
တစ်ယောက်နဲ့တစ်ယောက်နဲ့ သတ်ကြဖြတ်ကြ ဘယ်မှာလဲ ချစ်ခြင်းတရားတွေ
ဘယ်မှာလဲ အကြင်နာတရားတွေ အားလုံး ပျက်သုဉ်း အမှောင်တိဖုံးလွှမ်းနေပြီ
လူသားတွေအားလုံး ပြန်လည်သင့်မြတ်စည်းလုံးခြင်းတွေ ရရှိစေဖို့
အမုန်းတွေဖယ် အပြုံးတွေဖလှယ်ကာ ချစ်ခြင်းတရားတွေ ဝေငှကြစမ်း မေတ္တာတရားတွေ
လူတိုင်းရင်မှာ ထာဝစဉ်တည်မြဲလန်းဆန်းစေဖို့ ရှုပ်ထွေးနေတဲ့ ဆူးခက်တွေကို
ဒို့တွေအားလုံး ရှင်းထုတ်ပစ်စို့
RAP 2:
ဝင်းမှည့်နေတဲ့စပါးခင်းတွေကို ပြန်လည်ရိတ်သိမ်းနိုင်ဖို့ရန်အတွက်
မင်းလည်းရှိ ငါလည်းရှိ ဒို့တွေအားလုံး တာဝန်ရှိ
ချစ်ခြင်းမေတ္တာနဲ့ပြည့်ဝတဲ့ ယေရှုခရစ်တော်အကြောင်းကို
လူသားတွေအားလုံးသိရှိဖို့ရန် ဒို့တွေအားလုံးဝေငှကြစို့