ကမ္ဘာမြေဆုံးတိုင် (စီယံ)

Record Tracklist

  1. ကမ္ဘာမြေဆုံးတိုင် (စီယံ) -:-- / 3:06

ဝမ်းနည်းညှိုးနွမ်းခြင်းမှ ကျွန်ုပ်ကိုကယ်တင်
ဆုံးရှုံးသောနေ့ရက်၌ ကျွန်ုပ်ကိုကယ်မ
အတောင်တော်နှင့်ထွေးပက်ထားကာ
လုံခြုံခြင်းခွင့်ကိုပေးပြီ
ဘုန်းကြီးစေ ကမ္ဘာမြေဆုံးတိုင်

မှားယွင်းသောလမ်းထဲမှ ကျွန်ုပ်ကိုကယ်တင်
ဆင်းရဲခြင်းတွင်းနက်ထဲမှ ကျွန်ုပ်ကိုကယ်မ
ကိုယ်တော်၏မေတ္တာအရိပ်မှာ
ခိုလှုံခြင်းခွင့်ကိုပေးပြီ
ချီးမွမ်းမည် ကမ္ဘာမြေဆုံးတိုင်

(ဟာလေလုယ)၄
အတောင်တော်နှင့်ထွေးပက်ထားကာ
ခိုလုံခြင်းခွင့်ကိုပေးပြီ
ဘုန်းကြီးစေ ကမ္ဘာမြေဆုံးတိုင်

လွန်ကျူးမိခဲ့တဲ့အပြစ်က
သွေးလိုနီရဲ
အို မျိုးပွင့်လေးများကဲ့သို့
သန့်ရှင်းဖြူစင်စေပြီ
တိုင်တော်၏အပြစ်လွှတ်ခြင်းက
ပျော်ရွှင်ခြင်းခွင့်ကိုပေးပြီ
ကျွန်ုပ်ဘဝကိုသွန်သင်လမ်းပြ

ပျက်စီးဟောင်းနွမ်းခဲ့တဲ့
အတိတ်ကိုမေ့ထား
အသစ်ပြောင်းလဲမွေးဖွားခြင်းနဲ့
ဘဝကိုကျော်ဖြတ်
ငိုယိုတဲ့မျက်ရည်စက်တွေ
ကိုယ်တော်သုတ်ပေးနေဆဲပါ
ကျေးဇူးတော်လွန်စွာကြီးမား