မေတ္တာကြွေး-ချောစုခင်

Record Tracklist

  1. မေတ္တာကြွေး-ချောစုခင် -:-- / 4:33

တေးရး – ခွန်ရှန်ဆုန်၊ ဘွိုင်းလေး

VERSE 1:
လိုချင်တာတွေ မရတော့တဲ့အခါ စိတ်ဆန္ဒနဲ့ မတွေ့တော့တဲ့အချိန်
တစ်ယောက်နဲ့တစ်ယောက်အပေါ် အထင်အမြင်လွဲကြ
မတူညီတာတွေ တွေ့မိတဲ့အခါ အမှားအမှန် ငြင်းကြ အားကြီးတဲ့သူ
တစ်ယောက်ကတစ်ယောက်အပေါ် စီရင်ချက်ချ

CHORUS:
(အိုး မင်းလည်း အပြစ်သား ငါကိုယ်တိုင်လည်း အပြစ်သား
အပြစ်ကင်းသူမရှိ လူတွေအကုန် တစ်ယောက်မှမရှိ
ဘုရားရှေ့မှာ လူတွေ အားလုံးဟာ အားလုံး အတူတူ)၂

VERSE 2:
သေချာတယ် ဒီလမ်းကြမ်းထက်မှာ ပန်းတိုင်တစ်ခုစီသွားကြတဲ့အခါ
တစ်ယောက်အပြစ်တစ်ယောက်အပေါ် တင်နေဦးမလား
အစေခံတာ သခင်တစ်ပါးတည်းအတွက်ပါ ပေးဆပ်ခြင်းမှာ မှားယွင်းမိရင်
ချစ်မေတ္တာ ရင်မှာ ပိုက်ထား

CHORUS 2:
(ဟိုး သခင့်ရဲ့ချစ်သား သခင်ကိုယ်တော်တိုင် ရွေးထား
အပြစ်ကင်းခွင့်မရှိ သခင်ကိုယ်တိုင်သာ လွှတ်ခွင့်ရှိ
အချစ်ကြွေးသာတင်စေ အားလုံးအပေါ် အားလုံးအပေါ်မှာ)၂