သူ့ရင်ခွင် (ရတနာဦး)

Record Tracklist

  1. သူ့ရင်ခွင် (ရတနာဦး) -:-- / 3:36

လူ့ဘဝမှာ ကျင်လည်တဲ့အခိုက်အတန့် အို ဒုက္ခဟာ ကြုံနေရစမြဲ
လှိုင်းလေးတွေ ရေပြင်ထက် ပြေးဆော့နေသလိုပါပဲ ဟေး
အဓိကဟာ ကိုယ်တော်နဲ့မဝေးဖို့ သခင့်လက်ကို အစဉ်သာကိုင်စွဲ
အို ဒုက္ခတွေကိုကျော်ဖြတ် အို လှမ်းတက်မယ်ဆိုရင်
ဟိုးရှေ့မှာ အောင်မြင်မှုပဲ

သူသာ ဘဝခရီးလမ်း (အို တို့ဘဝရဲ့လမ်းပဲ)
အားကိုးယုံကြည်ပုံအပ်ပြီး (ယုံကြည်ပုံအပ်ပြီး)
အနာဂတ်ရှေ့ခရီးတိုင်းအတွက် သူ့ရင်ခွင်ထဲအမြဲ
အရာရာတွေပြောင်းလဲ (ပြောင်းလဲနေလည်းကွယ်)
အမြဲပဲတည်တဲ့ ယေရှုနဲ့
ထာဝစဉ်လက်တွဲသွားမယ်ကွယ်

လောကမှာ အရာရာတိုင်းပြောင်းလဲ မပြောင်းလဲတာဟာ ကိုယ်တော်ပဲ
အမြဲဆက်ကပ်ကာ ခိုလှုံရင်း ခရီးဆက်မယ်ဆိုရင်လေ ဟေး
သောကတွေ တကယ်ကို ကင်းဝေးလို့ အို ဒုက္ခတွေကျော်လွန်နိုင်မယ်
အသင့်လှပတဲ့ အနာဂတ်ခရီး ကမ်းလင့်ကာကြိုဆိုရင်း
ဒို့အတွက် အောင်မြင်မှုပဲ

ဒုက္ခတွေ ကြုံနေလည်း သခင့်လက်ကို အစဉ်ကိုင်စွဲ
အမြဲ ရှေ့မှာ အောင်မြင်ခြင်း