ရုန်းမထွက်နိုင် အပြစ်နွံတွေကြား
မှားလို့မဆုံးတဲ့ ခြေလှမ်းများနဲ့
လောကရဲ့လမ်းတွေပေါ် လျှောက်လှမ်းနေ
ဘုရားတရားနဲ့ ကင်းကွာ အဝေးမှာ ကျွနု်ပ်အား
အချစ်စစ်နဲ့ဖိတ်ခေါ် လူသားတစ်ဦးပေါ့
အနှိုင်းမဲ့တဲ့ မေတ္တာရှင် ယေရှုသခင်
အရင်ဆုံး ကျေးဇူးတင်လိုက်ပါ
အသက်ပေးချစ်တဲ့အရှင်ရဲ့ မေတ္တာတွေအတွက်လေ
ရေတွက်လို့လည်း မဆုံးနိုင်
ပြန်ဆပ်လို့လည်း မခမ်းခဲ့ အရှင်ရဲ့မေတ္တာ
ကျေးဇူးတင်ဖို့ပဲလေ