သခင်နှင့်အတူ (စောဝင်းလွင်)

Record Tracklist

  1. သခင်နှင့်အတူ (စောဝင်းလွင်) -:-- / 3:29

တေးရေး – သွန်းပူ

VERSE 1
သူစိမ်းဆန်သော လောကဝယ်အဆင်မပြေမှုတွေ
ပြည့်နေလည်း ဖေးမကာ ကိုယ်တော်စောင့်ရှောက်မယ်
ကြုံတွေ့ရသော ဒုက္ခနဲ့ ဒီအခက်အခဲတွေ
ခရစ်တော် ကူညီပေးလိမ့်မယ်

VERSE 2
ခရစ်တော်ရဲ့ အချစ်စစ်နဲ့ ကြင်နာမှုတွေ
ကားတိုင်ထက် အသက်စွန့်ကာ ကိုယ်တိုင်ပေးခဲ့ပြီ
ခရစ်တော်နဲ့ သွားရ/ကြမယ့် အနာဂတ်ခရီးတွေ
အားလုံး အဆင်ပြေချောမွေ့မယ်

CHORUS
မုန်တိုင်းထန်လည်း လောကဝယ် လှိုင်းထန်လည်း
အသက်စွန့်ချစ်တဲ့ ကိုယ်တော်ရှင် ကူညီမယ်
ဘဝအခက်အခဲ အားလုံးကို ကျော်ဖြတ်ဖို့ရန်
ဘုရားမြတ်ရှင်နဲ့ သွားကြမယ်