တေးရေး – အားဆီ
VERSE 1
နံနက်ခင်းတိုင်း အသစ်သော ဂရုဏာကို
ကိုယ်တော်ထံပါးမှ ခံစားရ
စိမ်းလန်းသောမြစ်နံဘေး ကျွန်ုပ်အားလမ်းပြရာ
လေပြည်လေညင်းလေးများ သာယာစွာ
VERSE 2
နံနက်ခင်းတိုင်း အချိုဆုံးအကြင်နာကို
ကိုယ်တော်ထံပါးမှ ခံစားရ
နွေးထွေးသောစကားများ နူးညံ့သောအချစ်များ
ခန္ဓာကိုယ်အနှံ့အပြား စီးဝင်တယ်/အသက်ဝင်တယ်
CHORUS
ရင်ခုန်စေပြီပေါ့ သခင့်ရဲ့ အထိအတွေ့များ
ဘာနဲ့မှ နှိုင်းဆမရနိုင်ပြီ
မဆုံးသေးသောဘဝအတွက် သခင်ဘုရားပို့ဆောင်နေ
နံနက်ခင်းတိုင်းအတွက် မျှော်လင့်ခြင်း