ဝိုးတဝါးလမ်းမပေါ်မှာ – ရတနာဦး

Record Tracklist

  1. ဝိုးတဝါးလမ်းမပေါ်မှာ – ရတနာဦး -:-- / 4:23

VERSE 1
လိုချင်တာခံစား အိပ်မက်က လမ်းပေါ်မှာ
ဘဝမျက်ရည်စီးကျ ပူပြင်းလာ
သံစုံညီသံများ သူ့ဝမ်းဗိုက်ထဲက
အိပ်မက်စရာနေရာ ဘယ်မှာမသိပါ

VERSE 2
မရေရာအဖြေရှာမရ မိသားစုမဲ့နေကာ
နွေးထွေးစွာလမ်းပြသူမရှိပါ
ကိုယ်ထင်ရာကိုစိုင်း လမ်းမသိလို့ သိပ်မိုက်ရိုင်း
ဘဝပြဿနာ ချာချာလည်ဝိုင်း

CHORUS
သူ မိဘမဲ့သူတိုင်း အကူအညီမရှိတဲ့သူတိုင်း
အပယ်ခံလူများစွာ အထိန်းအကွပ်မဲ့နေရှာ
တကယ်နားရှိသောသူတိုင်း မျက်စိရှိသူတိုင်း
မြင်နိုင်စရာအနေအထား လောကနိယာမ
အငယ်ဆုံးသောသူအား ကူညီဖေးမသောသူများ
ကိုယ်တော်အရှင်အမှုအား ထမ်းရွက်တဲ့လူသား
ရှင်သန်နေထိုင်ရေးအတွက် အငယ်ဆုံးသောသူများစွာ
ကိုယ်တော်ရှင်အတွက် ပြုမူနိုင်သောအရာ