ဖေဖေ့အတွက် – ကဗျာဘွဲ့မှူး

Record Tracklist

  1. ဖေဖေ့အတွက် – ကဗျာဘွဲ့မှူး -:-- / 3:55

VERSE 1
အရိပ်ပမာ ခိုလှုံရာ စောင့်ထိန်း ကွယ်ကာပေးတယ်
ချစ်တဲ့အဖေအတွက် တေးတစ်ပုဒ်ကို သီဆိုပါ့မယ်
ပင်ပန်းစွာ ဖွေရှာကာ မိသားစုအတွက် ရုန်းကန်နေ
နေ့ညမရွေးဘဲ တာဝန်ထမ်းရတဲ့ ချစ်တဲ့အဖေရယ်

CHORUS 1
သခင်ဘုရား ကောင်းကြီးများစွာ ဖေ့ဖေ့ပေါ်မှာ သက်ရောက်စေပါ
အလိုအတိုင်းသွန်သင်ခြင်းရယ် ဖေ့ဖေ့ကို လမ်းပြပေးပါ
မရွေးချယ်နိုင်သော်လည်း ဖေဖေအတွက် အကျွန်ကျေနပ်တယ်
လမ်းများကြမ်းလည်း လိမ့်ကျလည်းကွယ် ကြိုးစားပါ့မယ်

VERSE 2
မရွေးချယ်နိုင်သော်လည်း ဖေဖေအတွက် အကျွန်ကျေနပ်တယ်
ကျေးဇူးတော် ချီးမွမ်းရင်းနဲ့ ခံယူပါ့မယ်
ဘဝမှာ ရိုသေစွာ လုပ်ကျွေးပြုစု နားထောင်မယ်
သားကောင်းသမီးမွန်အဖြစ်ထွန်းတောက်ဖို့ ကြိုးစားပါ့မယ်

CHORUS 2
သခင်ဘုရား ကောင်းကြီးများစွာ ဖေ့ဖေ့ပေါ်မှာ သွန်းလောင်းပါ
အိမ်ထောင်လေး အချိန်ယူတတ်ရန် ဖေဖေ့ကို ဖေးမပေးပါ
မရွေးချယ်နိုင်သော်လည်း ဖေဖေအတွက် အကျွန်ကျေနပ်တယ်
ဘုရားသခင်ရဲ့အလိုအတိုင်း လိုက်လျှောက်ဖို့ ကြိုးစားပါ့မယ်