ဘဝရဲ့သခင် – ကဗျာဘွဲ့မှူး

Record Tracklist

  1. ဘဝရဲ့သခင် – ကဗျာဘွဲ့မှူး -:-- / 4:03

တေးရေး ဂျော်ဒွန်း + ဧဖရင်

V1
ရန်လိုမုန်းတီးမှုများကြီးစိုးနေကမ္ဘာမြေ
ဖြူစင်ရိုးသားမှုများဟာ ဆွံ့အခဲ့ပြီး
ချစ်ခြင်းတရားများကင်းမဲ့နေ လောက
ခွင့်လွှတ်ခြင်းတွေတကယ်ဆိတ်သုန်းပြီ
V2
ရင်မှာပွန်းကြပ်လွန်းသမျှ
ထွက်ပေါက်ရယ်ရှာဖွေမတွေ့ပြီ။
အကြီမ်ကြီမ်ရှုံးနိမ့် ရင်ထဲမှာသောကမျက်ရည်
တမ်းတမိခဲ့အားပေးဖော်လိုချင်မိ
နှစ်သိမ့်စကားလေး ဘယ်သူလာပြောပေးမလဲ

CHO:
ကိုယ်တော်ကိုသာ ကျွန်ုပ်ကိုးစား
အခြေအနေတွေ ပြောင်းလဲခဲ့သည်း
အစဉ်ကောင်းဖြစ်မှုပေ
ကြင်နာစွာ အမြဲထွေးပိုက်ပေးပါ
သာယာမြစ်နားသို့ ညွှန်ပြပေးလှည့်ပါ
ဆုတောင်းရင်း ချီးမွမ်းရင်း
ခိုလှုံခွင့်ပေးပါ

CHO-2
ကျွန်ုပ်ဝိညာဉ် ကိုယ်တော်ကိုဖူးတွေ့ ခွင့်လေး
မျှော်လင့်နေ့စဥ်
ညင်သာစွာ အမြဲဆုံးမပဲ့ပြင်
သာယာမြစ်သို့ ညွှန်ပြပေးလှည့်ပါ
ဆုတောင်းရင်းချီးမွမ်းရင်း
ခိုလှုံခွင့်ပေးပါ