တေးရေး – အောင်သာ
အမှားကြီးမှားခဲ့တာ သိလျက်နဲ့
ပျောက်ဆုံးသောလမ်းမအလယ်
ဆုံးရှုံးမှုများခဲ့တဲ့ တို့ဘဝလည်း
ရုန်းမထွက်ခဲ့နိုင်ဘူး
ဒီချိန်မှားယွင်းခဲ့တာတွေ
ဆိုးသွမ်းခဲ့ချိန်တွေ
ပူပင်စရာတွေရဲ့ ကြားထဲ
ပြောင်းလဲခြင်းများနဲ့အတူတို့ဘဝလဲ
ငြိမ်သက်မှုရခဲ့ချင်
နီးလျှက်နဲ့ ဝေးလို့ခန ပေးဆပ်မေတ္တာ
နှိုင်းဆလို့မရဘူး
ကယ်တင်ခြင်းရဲ့ပုစ္ဆာတွေ
အဖြေရှာကြိုးစားခဲ့အချိန်တွေ
ဟန်ဆောင်ကာနေစရာမလိုဘူး
လောကသစ်ရဲ့ အနာဂတ်ထဲ
စိတ်သစ်နဲ့ တို့အတူသွားကြလား
အောင်မြင်ခြင်းလမ်းစတွေ ခိုင်မြဲလို့
စိုးထိတဲ့စိတ်တွေ ဝဲလွင့်ပစ်ထား
ယုံကြည်ခြင်းနဲ့ ဘဝကို တည်ဆောက်စို့
မပြောင်းလဲခဲ့ ကတိတွေ အမြဲစိုက်ထူထား