တေးရေး – စံပီး
ဧဒင်ဥယျာဉ်ထဲမှာ
ကမ္ဘာဦးလူသားနှစ်ဦး
ပျော်ရွှင်စွာ ခရီးဆက်လို့နေရင်း
လိမ်ညာမြူဆွယ်ခြင်းတွေ
လူကိုလွှမ်းခြုံးရင်းနဲ့
မှားယွင်းခြင်း တံခါးပေါက်သို့ နိုင်ပြီ
ဧဒင်အိပ်မက်ဆိုးဟာ
ဒီချိန်ထိအောင် ခြောက်လှန့်
ယုံကြည်သူကို ဆွဲချလို့ နေဆဲ
ကယ်တင်သူကို တွေ့ရင်
အာဒံအဟောင်းကို စွန့်ခဲ့
ဖြောင့်မတ်ခြင်း တံခါးဝ ရောက်ပြီလေ
သင်းချိုင်းတံခါးတွေဖွင့်ပြီး
ထမြောက်ခဲ့ပြီပဲ
တို့ရဲ့အပြစ်ယူသွားပြီး
အသက်တွက် အသက်စွန့်ပြီး
စွန်ထင်းညစ်ပေခဲ့တဲ့
တို့ရဲ့ ဘဝတွေအတွက်
ဖြောင့်မတ်ခြင်းတွေ အပြည့်နဲ့
ဝတ်စုံသစ်ပေးပြီ