ရုန်းထွက်ခြင်း (ကြိုးကြာ၊ ထန်သောင်၊ ဂျွန်သဲ)

Record Tracklist

  1. ရုန်းထွက်ခြင်း (ကြိုးကြာ၊ ထန်သောင်၊ ဂျွန်သဲ) -:-- / 3:42

စွဲလန်းမှုတွေနဲ့ အိပ်မက်တွေ ပျောက်ဆုံးခဲ့ အဖြူရောင်ခြယ် ကြင်နာခြင်း
တမ်းတရင်းနဲ့ ရူးလို့နေ စွန့်လွှတ်လိုက်ဖို့ဆိုလည်း တပ်မက်နေ
ဘဝပေးခဲ့တဲ့ ဒဏ်ရာတွေ ရင်မှာအပြည့်
အပြစ်တရားလက်က ရုန်းထွက်ချင်
အို…နှလုံးသားလေး ပြုပြင်ပေးမူပါ တရားလမ်းထဲ အလိုတော်သာ လိုက်လျှောက်ရန်
နှလုံးသားလေးအား ပြန်လည်ပြုပြင်ပါ အိုး…

(RAP)
ငါ့ဘေးနားမှာ အိပ်မက်တွေကရှုပ်ပွ နှလုံးသားကို ငြိမ်းချမ်းဖို့ရန် ကြိုးစား
အချည်းနှီးပါ အသိတစ်ခုက ဘဝတစ်ခုကို ရိုက်ချိုးထား
စဉ်းစားခဲ့တာ မမှားဘူး အိပ်မက်တွေက သေချာ တကယ်ပါ
ငါဟာ မြတ်နိုးမိတာ ဒီတစ်ခေါက်အငိုက်မှာတော့ သူအလစ်သုတ်ပြီပေါ့
အပြစ်ဖြစ်သွားပြီ အချစ်တွေ ဘယ်လိုလဲ နားမလည်တော့ပါ
သူလုပ်ရပ် အပြစ်ပဲတင်နေမိတာ အဲဒါမှားသွားလား ခြေလှမ်းတွေ နောက်ကျလား
ငါဆွေးတာ သူ့ကြောင့်ပဲ ငါတွေးရင်းတွေးရင်း စိုးတယ် လေပြေကြားမှာ သွေးတဲ့
အပြုံးလေးတစ်ခုဟာ ငါ့ကို ယစ်မူးစေတာ တကယ်တော့ ငါဟာ
ဒီလိုနဲ့ တိတ်တခိုးလေး ကြိတ်ငိုခဲ့ရ

လောကကြီးကို ချစ်သူလေးလို ငါချစ်ခဲ့ ငါတွေးထင်ထားတာမှားပြီ
လှည့်စားမှုတွေ အပြည့်ပါပဲ ချစ်သလို ကြိုက်သလို ဆွဲဆောင် (ဖြားယောင်း)ခဲ့တာ
အသေပါပဲ သူတကယ်မချစ်တာ ငါသိခဲ့ (ဟုတ်ပါ့)
သူ လိမ်ညာခဲ့တာ ငါသိခဲ့ (ဟုတ်ပါ့)
သူ ကောက်ကျစ်ခဲ့တာ ငါမုန်းခဲ့ (ဟုတ်ပါ့) တစ်ဖက်သတ်အချစ် တွေ့ပြီ
အချစ်စစ်လည်း သူပေး လောကကြီးရဲ့ အချစ်ထက် ပိုခဲ့အချစ်တွေ
အသက်ကို ပေးပြီ ဝမ်းမြောက်ခြင်းတွေရဲ့ သခင် Jesus…