VERSE 1
နှလုံးသားလေး တစ်ချပ်ချပ်ခုန်လိုက်တိုင်းမှာ
ရင်မှာလေ ခံစားမိတဲ့ သခင့်ရဲ့မေတ္တာ
ဘဝခရီးလမ်း အတိတ်ဟောင်းတွေ နာကျင်ခဲ့လည်း
ပစ္စုပ္ပန် ဒီဘဝလေးထဲ လုံခြုံခဲ့ပြီ
PRE-CHO
နှလုံးသားလေး ဒီကျေးဇူးတော်ထဲ / သခင့်အမှုတော်ထဲ
နစ်မြုပ်ရင်း ခိုလှုံနေခဲ့ / ထမ်းရွက်ဖို့ ပြင်ဆင်နေခဲ့
ဘဝခရီးလမ်း ဘယ်လိုကြမ်းတမ်းပါစေ
သခင့်အမှုတော် ဝိညာဉ်တော်ရှင် အရိပ်အောက်မှာ
CHORUS
သခင့်အတွက် စွဲလန်းခြင်းတွေ စွန့်လွှတ်ချိန်
ရင်မှာ အရှုံးများပိုင်ဆိုင်လည်း
ဘဝရထားတစ်စင်းငယ် ခုတ်မောင်းနေစဉ်
ရင်မှာ ချီးမွမ်းအသက်ရှင်မယ်
VERSE 2
ရင်ခုန်သံ အဟောင်းလေးများနဲ့ စွဲလန်းမှုများထဲမှာ
ရင်မှာလေ ခံစားဖို့အတွက် မလိုချင်တော့ပြီ
ရွှေငွေပစ္စည်းနဲ့ တပ်မက်ခဲ့ ဒီဘဝထဲမှာ
ရုန်းထွက်ကာ ကိုယ်တော်ရှင်ရင်ခွင်ထဲမှာ