စကားအားဖြင့် – စံပီး

Record Tracklist

  1. စကားအားဖြင့် – စံပီး -:-- / 4:34

တေးရေး-အယ်လ်ဇော်လ

VERSE 1
ချီးမွမ်းတဲ့သီချင်းလေးများ ညည်းဆို
တစ်ခါတစ်ရံ ကြမ်းတမ်းပြီး ဆူဆဲမိလို့
အသေးဆုံးလို့ သတ်မှတ်တဲ့ အင်္ဂါတစ်ခုဖြစ်လည်း
မီးကဲ့သို့ လောင်ကျွမ်းတတ်လို့

VERSE 2
စကားတစ်ခွန်းနဲ့ ဘဝတစ်ခုလုံးပျက်သလို
တစ်ခါတစ်ရံ စကားတစ်ခွန်းက တည်ဆောက်ပေးလို့
သတိလက်လွတ် ဖြစ်ခဲ့လို့ မဆင်ခြင်ဘဲပြောလို့
အမုန်းများပြီး ရန်ပွဲများပို

PRE-CHO
အသီးအားဖြင့် အပင်ရဲ့သဘောကို သိရလို့ ထင်ရှားဖို့လို
အကျိုးမရှိတဲ့ စကားတွေကို ရှောင်ကြဉ်ကြဖို့လို
လူတွေကို သခင်ဘုရားမိန့်ဆို

CHORUS
ချိုမြိန်စရာ စကားအားဖြင့် သင့်အသက်တာ
ရှေ့ဆက်လို့ အလင်းပြကာ အချင်းချင်းအတွက် ဆောက်တည်စေပါ
ဝိညာဉ်အသီးအပွင့်နဲ့ လမ်းပြကာ
ထိမိ၍ မလဲဖို့ရာ စကားအားဖြင့် တည်ဆောက်သွားပါ
ဘုရားမြတ်က နှလုံးသားမှာရှိရင်
ကိုယ်အလိုကို ငြင်းဖို့ အလွယ်လေးပါ
တကယ်ကို ခါးသီးတဲ့စကားများဟာ နှုတ်ဖျားက ထွက်ဖို့ရာ
အားလုံး ပျောက်ကွယ်လို့သွား/ကွယ်ပျောက်သွားမှာ