ပြန်ဆုံကြမယ် – ချောစုခင်

Record Tracklist

  1. ပြန်ဆုံကြမယ် – ချောစုခင် -:-- / 2:53

တေးရေး-အယ်လ်ဇော်လ

VERSE 1
ဒီကမ္ဘာကြီးထဲ အလည်လာကြတဲ့ ခေတ္တခဏ လောကရဲ့ဧည့်သည်
ကြုံဆုံလာ ပျော်ရွှင်စရာများ ဝမ်းနည်းစရာများရယ်
မရေရာဘဝအတွက် အချိန်ကုန်ဆုံးခဲ့ တွေးမထားတဲံ အနိစ္စရဲ့သဘောလေ
ရင်ဆိုင်ကြရ လူသားတိုင်းအတွက် စောင့်တယ်

CHORUS 1
ကြင်သူမိတ်ဆွေ မောင်နှမချင်းတွေ ခွဲခွာချိန်ကြုံရတဲ့အခါ
ရင်မှာလေ တကယ်ကို ခံစား ဝမ်းနည်းလို့မဆုံးပါ
မြင်နေရတဲ့ ခန္ဓာတစ်ခုအတွက် ဝမ်းနည်းလို့တော့ မထူးခြားတော့တယ်
ဝိညာဉ်အသက်အတွက် အဖြေရှိဖို့ အရေးကြီးတယ်

VERSE 2
အစဉ်တည်မြဲတဲ့ ထာဝရအတွက် ခရီးဆက်မယ့် ခရီးသွားများအတွက်ရယ်
ပြင်ဆင်ချိန် ဒီခန္ဓာအသက် တွဲဖက်နေတုန်းဝယ်
ထာဝရအသက် ပိုင်ဆိုင်ထားတဲ့ လမ်းခရီးလည်း သူဖြစ်ခဲ့တယ်
ယေရှုဘုရားက တကယ်စိတ်ချမှုပေးတယ်

CHORUS 2
သင်္ခါရအဖြစ် ကြုံလာတဲ့တစ်နေ့ စိတ်ပူစရာမလိုတော့ပေ
အိမ်ပြန်ရန် သေချာတဲ့လမ်း ရှိနှင့်လို့ထားတယ်
မငိုပါနဲ့လေ ထာဝရအိမ် ဝမ်းမြောက်ခြင်းနဲ့ သွားနှင့်သူတွေ
တစ်ချိန်ချိန်ကျတော့ ပြန်တွေ့ကြစို့ ဒို့အတူ