တေးရေး-အယ်လ်ဇော်လ
VERSE 1
အမှောင်တွေ ကာရံထားတဲ့ ဒီကမ္ဘာကြီးထဲတုန်းဝယ်
ကိုယ်တိုင် ကိုယ့်ဘ၀ ရုန်းကန်ရန် ခက်ခဲတယ်
ရင်မဆိုင်ချင်တဲ့ ဒုက္ခ တကယ်ကို ကြမ်းတမ်းလွန်းတယ်
ရုန်းကန်ရင်း ပိုမို နစ်မြုပ်ခဲ့တယ်
အလင်းမဲ့ခဲ့တဲ့ဘ၀ ဘယ်လိုလုပ်ပြီး ခရီးဆက်ဖို့ လွယ်ပါ့မလဲ
အမှောင်မှာ စမ်းတဝါး လဲလိုက်ကျလိုက်နဲ့ အကြိမ်များစွာ
ရှေ့ဘဝခရီးလမ်းအတွက် အလိုအပ်ဆုံး မရှိမဖြစ် အလင်းရောင်လေးသာ
အရာရာတိုင်းအတွက် အဆင်ပြေစရာလိုနေလို့
VERSE 2
ကိုယ်တိုင် တီထွင်ခဲ့တဲ့ ကိုယ်ပိုင်အလင်းရောင် ခဏကုန်ဆုံးမယ်
ကြာရှည်ဘဝအတွက် တကယ်ကို မလုံလောက်တယ်
တာရှည်တစ်ဘဝလုံးအတွက် အစဉ်တည်မြဲမယ့် အလင်းရယ်
အမိုက်မှောင်ထဲ ဒီလူသား ငံ့လင့်တယ်
အလင်းမဲ့ခဲ့တဲ့ဘ၀ အနာဂတ်ခရီး လှပဖို့ အဖြေတွေ့ပြီ
ယေရှုဘုရားက ကျွန်ုပ်ရဲ့ဘဝအတွက် အလင်းရှင်ပဲကွယ်
နွေးထွေးမှုအပြည့်နဲ့ ဝေဒနာများ ကုသလို့ ပျောက်ကင်းခဲ့
အမှောင်တွေအားလုံး အန္တရာယ်တွေ ကွယ်စေပြီ
CHORUS
ချီးမွမ်းနေမည် သခင်ခရစ်တော် အလင်းရှင်
အလင်းပေးပိုင်ရှင် ကိုယ်တော်သာ အလင်းရှင်
လောကမြေတခွင် အမှောင်ခွင်းရငန် အလင်းရှင်
ဘုရားမေတ္တာအလင်း လိုသူအတွက် အဆင်သင့်ပင်