တေးရေး-အယ်လ်ဇော်လ
VERSE 1
ကျေးဇူးတော် ချီးမွမ်းလို့ မဆုံးနိုင်တယ်
ကျေးဇူးတော် နေ့ရက်တိုင်း ပြည့်စုံတယ်
ကျေးဇူးတော် ဘဝတစ်လျှောက်လုံးအတွက်ကိုလေ
ကျေးဇူးတရား ရေတွက် မကုန်ခမ်းဘူးကွယ်
VERSE 2
ကျေးဇူးတော် ဘာနဲ့မှ မလဲနိုင်တယ်
ကျေးဇူးတော် တုနှိုင်းလို့မရနိုင်တယ်
ကျေးဇူးတော် ဘဝအသက်နဲ့ရင်းကာရယ်
အသွေးသွန်းပြီး ဝယ်တဲ့ သခင်ဘုရားအချစ်ပဲ
CHORUS
အဆင်မပြေ အခက်ကြုံတာလည်း ကျေးဇူးတော်
လိုတာမရချိန်မှာလည်း ကျေးဇူးတင်တယ်
အောင်မြင်ခြင်းတွေ ကြုံတွေ့ခဲ့တာအတွက်
အတိုးချပြီးတော့ ချီးမွမ်းကာနေပါမယ်
အရာရာပြည့်စုံနေလည်း ကျေးဇူးတော်
ဝေဒနာများ ကြုံရလည်း ကျေးဇူးတော်ပဲ
ထာဝရအသက် အပိုင်ရရှိစေတယ်
အခမဲ့ရရှိခဲ့ခြင်းပဲကွယ်