တေးရေး-အယ်လ်ဇော်လ
VERSE 1
ဒီကမ္ဘာကို အလည်လာခဲ့သူ အချိန်တန် ပြန်ထွက်သွားမယ့်သူ
တဒင်္ဂ ခဏ ဘဝကို ထာဝရမှတ်လို့ တမလွန်နောင်ရေးကို
ကိုယ်နှင့်မဆိုင်ဘူးလို့ အသက်ဝိညာဉ်ရေးကို
အသေအချာ အတိအကျမသိရင် တစ်နေ့ကျ ခက်မှာစိုး
VERSE 2
ရှင်သန်နေတဲ့ အသက်တစ်ချောင်းကို ကိုယ်တိုင်မပိုင်မှန်း သိဖို့လို
အချိန်မရွေးဘူး အရိပ်လို ကွယ်ပျောက်တတ်လို့ တမလွန်နောင်ရေးကို
ဘုရားမြတ်ကလွဲလို့ ထိန်းချုပ်သူမရှိလို့
ကိုယ်တော်ဘုရားမြတ်ရဲ့ အလိုအတိုင်းပဲ အသက်ရှင်စို့
CHORUS
ကိုယ်သိထားတဲ့ အတွေးအခေါ် ပညတ်အကျင့်တို့ကို
အမှီပြုပြီးတော့ အထင်နဲ့ ရှေ့အသက်တာခရီးကို
မရေရာ စမ်းတဝါး အလင်းရောင်းကင်းမဲ့တဲ့ ဘဝကို
သခင်ယေရှုက ကူညီဖို့ အမြင်တွေ ရှင်းစေနိုင်ဖို့ကို
ကယ်တင်ခြင်းအတွက် အလင်းရှင် ခရစ်တော်ဘုရားလိုနေလို့