ခရစ်တော်အားဖြင့် – Lဇော်လ+ချောစုခင်

Record Tracklist

  1. ခရစ်တော်အားဖြင့် – Lဇော်လ+ချောစုခင် -:-- / 3:50

တေးရေး-အယ်လ်ဇော်လ

VERSE 1
ခရစ်တော်နဲ့သာ အမြဲမခွာရှိနေမယ်ဆို ကြောင့်ကြရန်မလို
ဘဝမှာ အမြဲသာ တွေ့ကြုံရမယ့် ဘယ်ရန်စွယ်တွေမျိုးမဆို
ကိုယ့်ခွန်အားနဲ့ အစွမ်းတွေထက် ကိုယ်တော်ရဲ့အစွမ်းက လုံခြုံ
နေ့စဉ်တိုင်းမှာ အမြဲသာ လမ်းအမှန်ကိုပဲ ဘုရားပို့ပေးလို့

VERSE 2
ခရစ်တော်အကြောင်းကိုပြောပါ မသိသူတွေအတွက် ဝမ်းမြောက်စေဖို့
ဘဝနောင်ရေးအတွက် လမ်းမှန်မသိသူတွေလည်း တကယ်စိတ်အေးဖို့
ဘဝကို အရှုံးနဲ့အမြဲဒွန်တွဲ မျှော်လင့်ခြင်း ကင်းမဲ့သူကို
အံ့ဘွယ်အမှုကိုပြုတဲ့ ဘုရားဂုဏ်တော်ကို ချီးမွမ်းမိဖို့

CHORUS
တွေ့ကြုံသမျှ အခက်အခဲ (ဘယ်လိုအခက်အခဲမဆို)
လွတ်မြောက်ခြင်းအတွက်လည်း (ကူညီပေးလို့)
စိတ်ပူဖို့မလိုတယ် (တကယ်စိတ်အေးမယ်)
စွမ်းဆောင်ပေးနေဆဲ (ငြိမ်သက်ခြင်းဘဝ)
ဘဝနောင်ရေးအတွက်လည်း (သခင်ယေရှုအသက်)
အသက်ကိုစွန့်ရှာတယ်(တိုင်တော်ထက်အသွေး)
အသွေးတော်နဲ့စင်ကြယ် (ထာဝရအမြဲ)
အပြစ်လွတ်စေခဲ့တယ်