တေးရေး- စောဂါဇာ(ပဲခူး)
VERSE 1
ကိုယ်တော်ရှင်ပေးတဲ့ နေ့စဉ်အသက်တာ
ပြန်လည်ကာ စဉ်းစားရင်း အသက်ရှင်လိုက်စမ်းပါ
ဂုဏ်တော်ချီးမွမ်း နေ့စဉ်အသက်တာ
ရေတွက်ရင်းနဲ့ ဟာလေလုယာ
CHORUS 1
ဒုက္ခရောက်တဲ့ နေ့ရက်ရှိသလို သုခတွေ့မယ့် နေ့ရက်ရှိမယ်
ဝမ်းမြောက်ခြင်းများ တွေ့ကြုံရသလို
ဝမ်းနည်းခြင်းများ တစ်ခါတစ်လေ ကြုံနိုင်တယ်
VERSE 2
ဘယ်လိုပဲဖြစ်ဖြစ် ချီးမွမ်းလိုက်စမ်းပါ
ကိုယ်တော်ရှင်လျှောက်ခဲ့တဲ့ လမ်းလောက်တော့မကြမ်းပါ
ရင်မှာလေ တွေးကြည့် ချီးမွမ်းနိုင်လိမ့်မယ်
ပျော်ရွှင်ခြင်းများ ရရှိလိမ့်မယ်
CHORUS 2
ဒုက္ခထဲမှ ချီးမွမ်းခြင်းတွေ သုခထဲမှ ဝမ်းမြောက်ခြင်းတွေ
ဆင်းရဲခြင်းမှ လွတ်မြောက်ခြင်းတွေ
ဘယ်အခြေအနေမဆို ရင်ဆိုင် အနိုင်ယူကွယ်