VERSE 1
ရုန်းထွက် စာတန်ကျော့ကွင်းထဲမှ
ဟိုအရင်လို/မူးယစ်လို့ အိပ်စက်နေလား
ပြေးခဲ့ အမှောင်သံသရာ အန္တရာယ်က
လေရာကို ပြေးထွက်လာခဲ့
ကြိုဆိုနေအမြဲပဲကွယ် တွေဝေမနေနဲ့
ဒီလူရဲ့အပြစ်တွေ ဖြူစင်ခွင့်ရမယ်
VERSE 2
မေ့လိုက် အို အိပ်မက်ဆိုးကြီးတွေ
ခါးသီးတဲ့ အဖြစ်အပျက်တွေလည်း
ထားခဲ့ အမှောင်ကမ္ဘာမှာ ပျော်လာခဲ့
အဆိုးအဝါးနဲ့ အကျင့်တွေနဲ့
ငိုနေရုံမပြီးဘူးကွယ် ခေါ်နေသံကြား လှမ်းခဲ့တယ်
မျှော်လင့်ခြင်းများရယ် အကုန်စုံပြည့်ဝမယ်
CHORUS
ကြင်နာစွာ ထွေးပွေ့လို့ထားမယ်
မလွန်နိုင် အကျင့်ကြောင့် တွေးမငိုနဲ့
အချိန်မီအောင် အပြေးလှမ်းလာခဲ့မယ်
သူ့မေတ္တာ ခွင့်လွှတ်ကာ ချစ်တယ်
VERSE 3
အသွေးနဲ့ ကယ်တင်ကာချစ်ခဲ့တယ်
သူ့မေတ္တာကြီးလွန်းပါတယ်
စိတ်ပျက် ငိုယိုမနေနဲ့တော့လေ
ဘဝအတွက် အဖြေရှိခဲ့ပြီပဲ
သေချာတဲ့ လမ်းပဲကွယ် လာပါလေ အတူလျှောက်ကြမယ်
အချိန်မီနေ့ရက်တွေ သူလက်ကမ်းလို့နေ