စိုးရိမ်တယ် – တာရာ

Record Tracklist

  1. စိုးရိမ်တယ် – တာရာ -:-- / 4:20

VERSE 1
ခွင့်မလွှတ်မှာစိုးတယ် မိုက်မဲသော ကျွနု်ပ်ကို
သူလေ ကြည့်နေမှာပဲ
မချစ်တော့မှာစိုးတယ် ပျောက်သောသိုး ကျွနု်ပ်ကို
အိမ်ပြန်ချိန် မျှော်နေရော့မယ်

VERSE 2
မေ့လိုက်မှာစိုးတယ် အပြစ်များသော ကျွနု်ပ်ကို
သူလေ သနားနေမှာပဲ
မုန်းသွားမှာ စိုးတယ် လူဆိုးကြီး ကျွန်ုပ်ကို
ကြင်နာနေနိုင်လွန်းတယ်

CHORUS
မိုက်မဲစွာနဲ့ အပြစ်ဝဲဂယက်ထဲ
ရုန်းထွက်မရတော့ ငိုယိုအော်ဟစ်ဆဲ
ဒီလောကထဲ သူတစ်ယောက်သာပဲ
အပြစ်ကလွှတ်ဖို့ ကယ်တင်နိုင်လိမ့်မယ်

VERSE 3
လက်လျှော့မှာစိုးတယ် အပျော်ကျူးသော ကျွနု်ပ်ကို
သူသာ တားယူနိုင်မယ်
နောက်ကျမှာစိုးတယ် အချိန်စွဲသော ကျွနု်ပ်ကို
ကိုယ်တော်ရှင်သာ နားလည်