တေးရေး-သောမတ်(စ်)
VERSE 1
ရထားစီးလို့ ခရီးသွားကြမယ့် ခရီးသွားဧည့်သည်တွေ
ဘယ်ဘူတာမှာ ဆင်းတက်ကြမယ် ရည်မှန်းချက်ရှိကြတယ်
ဆင်းကြတက်ကြ တိုးကြဝှေ့ကြနဲ့ ရှုပ်ယှက်ခတ်ကုန်ပြီ
လူ့ဘ၀ ရထားတစ်စီး စီးရသလိုပဲ
CHORUS 1
ဘယ်ဘူတာမှာ နားမလဲ ခရီးသွားဧည့်သည်တွေ
မှန်းမျှော်ချက်က တစ်ယောက်နဲ့တစ်ယောက်မတူဘူး
ရှေ့မှာရှိတဲ့ ဆင်းတက်ရမယ့် ဘူတာကိုရောက်ရင်
ရထားကြီးကိုထားခဲ့ လိုရာကိုသွား နောက်လှည့်မကြည့်ပါ
ဆင်းကြတက်ကြ တိုးကြဝှေ့ကြနဲ့ ရှုပ်ယှက်ခတ်ကုန်ပြီ
လူ့ဘဝရထား စီးတဲ့ ဧည့်သည်တွေ
VERSE 2
အစရှိလို့ အဆုံးရှိကြတဲ့ လူ့ဘဝခရီးစဉ်တွေ
ကိုယ်ယုံကြည်ရာ ရောက်ကြဖို့ကို ကိုယ့်စိတ်ကြိုက်ရွေးချယ်
အဆုံးသတ်တစ်နေ့ကျ အရှုံးအမြတ်တွေ့ကြ သုံးသပ်ကြည့်ရင်လေ
မိုးနဲ့မြေကြီး အလှမ်းဝေး ခရီးစဉ်တွေ
CHORUS 2
ဘယ်ဆီဘယ်ကိုသွားမလဲ စဉ်းစားခက်ပြီလေ
ရွေးချယ်ရမယ့်လမ်းက ရှိနေဆဲမို့
လက်ရှိမီးစာခမ်းတဲ့တစ်နေ့ကျ ဘယ်ဘူတာဆိုက်မလဲ
အဆုံးမဲ့ ထာဝရရက်ကို ကယ်တင်ရှင် လမ်းခင်းပေးခဲ့ပြီ
စဉ်းစားဆုံးဖြတ် တွေးတော သုံးသပ် ရထားထွက်တော့မယ်လေ
မိုးကောင်းကင်ခရီးသွားတဲ့ ဧည့်သည်တွေ