အဆုံးလားအစလား – ဟေမာနေဝင်း

Record Tracklist

  1. အဆုံးလားအစလား – ဟေမာနေဝင်း -:-- / 4:36

VERSE 1
အပြာရောင်မိုးသားကောင်းကင်အောက်မှာ
နေထိုင်စားသောက်သွားလာရင်း
ကြင်နာမှုနဲ့ ဘဝတွေများစွာ
တွယ်တာမှု ကြိုးစားရင်း ထင်
မျှော်လင့်ချက်နဲ့အသက်ရှင်စဉ် တစ်နေ့မှာ

VERSE 2
ရောင်စုံပန်းပွင့်တဲ့ ကမ္ဘာကြီးမှာ
ရှင်သန်မှုအတွက် ရုန်းကန်ရင်း
နေဝင် မီးငြိမ်းမယ့်အချိန်လေးဟာ
အမှန်တကယ် ရုတ်တရက်ရောက်လာရင်
ဒါဟာ အဆုံးလား ဒါဟာ အစလား
တမလွန်ရေးရာ ဖြေရှင်းမရတဲ့ နက်နဲခြင်းလား

VERSE 3
သေလွန်မင်းရဲ့ ခေါင်းပိုဘက်မှာ
သန်ရာ ပြောကြ နိစ္စသတင်း
အဖြေရှာတွေးတော့ အမှားအမှန်ကြားမှာ
တွေေ၀ ငေးမော ရပ်တည်ရင်း
ဒါဟာအဆုံးလား ဒါဟာ အစလား
တမလွန်ရေးရာ ဖြေရှင်းမရတဲ့ နက်နဲခြင်းလား

VERSE 4
ငိုယိုဝမ်းနည်း နှုတ်ဆက်ခြင်း
နေဝင် မီးငြိမ်း လူ့ဘဝများစွာ
အိပ်မက်အလား ပျောက်ကွယ်ခြင်း
ပျော်ရွှင်ခြင်းလား ပူလောင်ခြင်းလား
ဟိုဘက်ကမ်းမှာ မျှော်လင့်ထားတဲ့ အဖြေရပါ့မလား
ဟိုဘက်ကမ်းမှာ မျှော်လင့်ထားတဲ့ အဖြေရပါ့မလား