VERSE 1
မုန်တိုင်းတော့ရှိတယ် လောင်ကျွမ်းမယ့် မီးပင်လယ်
ဖြတ်သန်းဖို့ စိုးရွံ့ အားငယ်နေရင်တော့
ရှုံးမယ် ရှုံးလိမ့်မယ်
ပန်းတိုင်ဆိုတာ ရပ်ကြည့်ဖို့ မဟုတ်ဘူး
VERSE 2
–တို့ရောက်မယ် မှောင်မိုက်ည ဘဝပင်လယ်
ဒီခရီးအတွက် သွေးပျက် ငေးငိုင်နေရင်တော့
ဝေးမယ် ဝေးလိမ့်မယ်
ပန်းတိုင်ဆိုတာ အရှုံးသမားအတွက် မဟုတ်ဘူး
PRE-CHO
အကောင်းဆုံးဖြစ်ဖို့ အဆိုးများက ထိုးနှက်မယ်
ဒုက္ခတရားနဲ့ စီးချင်းနဲ့ထိုးရမယ်
ဒါပေမယ့် မကြောက်နဲ့ လျှောက်လှမ်းယုံကြည်ရင်တော့ မိတ်ဆွေ
CHORUS
မရေရာတာတွေ အိပ်မက်မက်မနေနဲ့
ရင်ဆိုင်ပါ ယောကျ်ားတို့ အားမာန်ပဲ
စိန်ခေါ်သံတွေ ရပ်တန့်သွားမှာပဲ
လူ့ဘဝကို အကျိုးမဲ့ အဆုံးမသတ်စေနဲ့
ပြုသမျှကို အဆိုးအားဖြင့် အရှုံးမခံနဲ့