အလင်းရှင် – ရတနာဦး

Record Tracklist

  1. အလင်းရှင် – ရတနာဦး -:-- / 3:51

VERSE 1
လောကဟင်းလင်းပြင်ထဲ အဖော်တွေမပါတစ်ယောက်တည်း
အနားမှာလည်း ရှိခဲ့မိတ်ဆွေများရယ်
ရှောင်ဖယ်ကာ စွန့်သွားခဲ့တယ်
ထွက်ပေါက်မရှိတဲ့ရင်ထဲ နာကျင်စွာရယ် ခံစားခဲ့
ဘဝမှာလေ အရှုံးပွဲဇာတ်တွေများခဲ့
ဘယ်လိုပုံ ရှေ့ခရီးဆက်မယ်

CHORUS
မမျှော်လင့်ဘဲ မှောင်နေတဲ့လမ်းလေးပေါ်
အလင်းတန်းတစ်ခု တွေ့ခဲ့ပါတယ်/တွေ့ခဲ့ပြီကွယ်
ငြိမ်သက်ခြင်း ပျော်ရွှင်စွာ ဘဝအဓိပ္ပါယ်
ထူးထူးခြားခြား ပေးစွမ်းနိုင်တယ်
ကျွနု်ပ်၏ မျက်ရည်များကို သူကြင်နာစွာ သုတ်ပေးခဲ့တယ်

VERSE 2
ကျွန်ုပ်ဘဝအတွက် လမ်းပြရှင်ရယ် ရင်နာစရာဘဝထဲ
အနားမှာအမြဲ ထွေးပွေ့ယုယထားတယ်
အောင်မြင် ဒီဘဝလမ်းထက်ဝယ်
အေးမြတဲ့ သူ့မေတ္တာရယ် ဆယ်ကမ္ဘာတိုင်မကုန်နိုင်ခဲ့
မေတ္တာတရား ကြီးမားတဲ့အရှင် မျက်ရည်
ကယ်တင်ရှင် ယေဇူးပဲကွယ်