မျှော်လင့်ခြင်းကောင်းကင်-စည်သူလွင်

Record Tracklist

  1. မျှော်လင့်ခြင်းကောင်းကင်-စည်သူလွင် -:-- / 4:09

တေးရေး-စောခူဆဲ

VERSE 1
လောကကြီးအတွက် မျှော်လင့်ခြင်းများ
ဘယ်သူဘယ်လို ပေးဆပ်ခဲ့တယ် မြင်နိုင်ရဲ့လား
အပြစ်ရဲ့အဖိုးအခဟာ သေခြင်းတရား
ဘယ်လိုဘယ်ပုံ လွတ်မြောက်လိမ့်မည်
စဉ်းစားနေလား ငေးမောနေလား

CHORUS
အို မျှော်လင့်ခြင်းများရဲ့ ပြည့်ဝတဲ့ကောင်းကင်
ထာဝရအသက်နဲ့ ဘဝအတွက် ပြီးပြည့်စုံလိမ့်မယ်
လောကီသားရယ်
မျှော်လင့်ခြင်းလမ်းကို ပြေးထွက်လှမ်းခဲ့
ထာဝရအသက်တွက် တကယ်စိတ်ချလက်ချနေရမယ်
လောကီသားရယ်

VERSE 2
အသွေးအသက်ရင်းလို့ ကယ်တင်ထားခဲ့
ယုံကြည်သူတွေ ငရဲက လွတ်မယ် ဘာလိုဦးမလဲ
အပြစ်နဲ့ မွေ့ပျော် မှောင်တဲ့လမ်းထဲ
ယုံကြည်စွာရယ် ပြေးထွက်ခဲ့ပါ
အပြစ်လွှတ်သူက စောင့်လို့ကြိုမယ်