ဘဝအာမခံပေးမယ့်သူ-ရင်ဂို

Record Tracklist

  1. ဘဝအာမခံပေးမယ့်သူ-ရင်ဂို -:-- / 4:53

တေးရေး-M အောင်ဆားရ်၊

VERSE 1
ကြင်နာမှုတွေ တကယ်ခေါင်းပါး စစ်မက်ဘေးဒဏ်တွေ
နေရာတကာမှာ ဖြစ်ပျက်နေဆဲ
ဆာငတ်မွတ်ခြင်းတွေနဲ့ ဘဝနိဂုံးချုပ်ရသူတွေ
တစ်နေ့ထက်တစ်နေ့ မကြားရက် မရှုရက်စရာ

VERSE 2
လေလှိုင်းသတင်းသံတွေ ညီအစ်ကိုချင်းတောင် မလိုအမုန်းထား
မိသားစုအတွင်းရေးတွေ ပျော်ရွှင်ခြင်းတွေ မရှိတော့ပါလား
စိတ်သောကလှိုင်းဂယက်တွေကြား နစ်မျောရင်း အသက်ရှင်သူတွေ
လွတ်မြောက်ဖို့အတွက် ကယ်တင်ရှင်တစ်ပါးကိုသာ
အော်ဟစ်ညည်းသံတွေ

CHORUS
သင့်ဘဝရဲ့ အာမခံပေးမယ့်သူ တစ်ယောက်ရှိတယ်
သူသာလျှင် ကယ်တင်ပိုင်ရှင်
သူသာလျှင် အရာအားလုံး ဖန်ဆင်းရှင်
ယေရှု ယေရှုဘုရားသာလျှင်
နှစ်သိမ့်မှုကို ပေးပိုင်ရှင် သခင်တစ်ပါးတည်းသာလျှင်ရှိတယ်
အို ချစ်မိတ်ဆွေ ဒူးထောက်ဝန်ချလျက် သခင့်ထံချဉ်းကပ်ပါ
နောင်တမျက်ရည်နဲ့ လှမ်းခဲ့ပါတော့

VERSE 3
ငိုယိုခြင်းအသံတွေကမစဲ သဘာဝရဲ့အဖြစ်အပျက်တွေ
နေရာတကာမှာ စိုးမိုးနေဆဲ
သေမင်းရဲ့သားသမီးတွေ တဖြည်းဖြည်းများလို့လာပြီ
ဒီလောကကြီးထဲ အပြစ်မဲ့ကလေးလေးတွေ ရင်နင့်ရရှာပြီ