VERSE 1
သိုးလေး သိုးလေးလို နူးညံ့လွန်းတယ်တဲ့
သိုးလေး သိုးလေးလို ကြောက်ရွံ့တတ်တယ်တဲ့
လူတွေကပြောရင် သိုးလေး ပြုံးလို့နေခဲ့တယ်
VERSE 2
နားတစ်ဖက်ပြတ်ခဲ့ရင် နောက်တစ်ဖက်ထိုးခံလို့
အရှုံးပေးတတ်ဖို့ကို အမြဲတမ်း အသင့်ပြင်လို့
တည်ငြိမ် ရင့်ကျက်အောင် ကြိုးစားလေ့ကျင့်လာခဲ့တယ်
CHORUS
ဒီမှာ သိုးလေး သူဟာ ဘာလဲ မေးရင်
အသွေးအသား ခန္ဓာကိုယ်နဲ့ပါ
အားလုံး ပုံမှန်တည်ဆောက်ထားတဲ့
ခင်ဗျားတို့ အတိုင်းပဲလေ
VERSE 3
သိုးလေး သိုးလေးလို နူးညံ့တတ်အောင်လို့
သိုးလေး သိုးလေးလို နှိမ့်ချတတ်အောင်လို့
သင်ပြသောတရားကို အထူးပဲ ကျေးဇူးတင်မိတယ်