VERSE 1
ကမ္ဘာကြီးထဲ မွေးဖွားခဲ့ လူတိုင်းအတွက်
ဘုရားပေးတဲ့ မေတ္တာတွေရယ်
အယူသီးခြင်းနဲ့ မှားယွင်းမှု မှောင်မိုက်ထဲ
ရုန်းထွက်မရ နေခဲ့မိသူရယ်
VERSE 2
နေရာတိုင်းနဲ့ ကြမ်းတမ်းတဲ့ ဒီခရီးထဲ
နွမ်းလျလို့ ပင်ပန်းနေသူရယ်
အပြစ်အတွင်းထဲ နစ်မွန်းတဲ့လူသားပဲ
ဖြစ်ရပေါ့ မိုက်မဲခြင်းကြောင့်ရယ်
CHORUS
သင့်ရဲ့အပြစ်တွေကို ဖြူစေခဲ့ပြီ
အသွေးသွန်းသူ ယေရှုကြောင့်လေ
ဝမ်းမြောက်ခြင်းနဲ့ ငြိမ်းချမ်းမှု ဖွေရှာပေးခဲ့သူ
အဖဘုရားရဲ့ကျေးဇူးတော် ချီးမွမ်းအသက်ရှင်
VERSE 3
ကိုယ်စွမ်းသလောက် ပေးဆပ်ဖို့လိုနေပြီ
ဘုရားအတွက်ဆို ငြင်းနေမှာလား
ကိုယ်တော်အတွက် ဆက်ကပ်လို့နေမယ်ဆို
ဖေးမလို့ သူအမြဲ လမ်းပြမည်
BRIDE
နှိမ့်ချခြင်းအသက်တာကို ပိုင်ဆိုင်စေသူ
ကိုယ်တော်ရှင်ထံအပြစ်တွေ ဝန်ခံရင်းနဲ့
ပြောင်းလဲခြင်းမရှိတဲ့ သူ့မေတ္တာပဲ
ထာဝရအစဉ် တည်နေမယ်