နောက်ဆုံးသောနေ့(ထူးအိမ်သင်)

Record Tracklist

  1. နောက်ဆုံးသောနေ့(ထူးအိမ်သင်) -:-- / 4:24

VERSE 1
ကိုယ်တော်ရဲ့အမှုတော်ကို ပြန်လည်၍ အသုံးခံပါ
ရင်ဆိုင်ရနေ့ရက်များနဲ့ ဘုရားရှင်ရှေ့မှာ ရောက်သောအချိန်အခါမှာ
အရာရာတိုင်း ကျေးဇူးတော် ပြန်လည်၍ ချီးမွမ်းပါ
ဝိညာဉ်တော်တန်ခိုး ဆင်းသက်၍ မြတ်သောရင်ခွင်မှာ

CHORUS 1
ဒီအချိန်မှာ မိုးသားမည်းမှောင် လျှပ်ပြပ်ကောင်းကင်မှာ
တုန်ခါကာ ကြီးမားသောအသံ ကွဲအက်ထွက်ပေါ်လာ
ကောင်းကင်တံပိုးများ မှုတ်ချိန်မှာ အပြစ်ဝန်လေးသော မိတ်ဆွေများ
ဒီအချိန်မှာ နောက်ကျခဲ့လို့ ပူဆွေးနေမှာလား

VERSE 2
နာကျင်မှုဘေးပေါင်းမှ အစဉ်သဖြင့် ဝေးစေပါ
ပူပန်မှု ဒုက္ခထဲမှ လက်တော်မြတ်ကို ဆန့်တန်းနေစဉ်မှာ
အရာရာတိုင်း ကျေးဇူးတော် ပြန်လည်၍ ချီးမွမ်းပါ
ဝိညာဉ်တော်တန်ခိုး ဆင်းသက်၍ မြတ်သောရင်ခွင်မှာ

CHORUS 2
သီဆိုပါ အားလုံး ဦးညွတ်ကာ ကြီးမြတ် ခရစ်တော်အား
မှန်ကန်စွာ သိုးနဲ့ဆိတ်ကို ခွဲခြားပေးမူပါ
ကောင်းကင်သားများသီချင်းဆိုမည့်နေ့တော်ကြီးသည် နီးလာပြီ
ဝန်ခံကာ ချဉ်းကပ်ခြင်းဖြင့် စောင့်ဆိုင်းကူညီပါ/ပြင်ဆင်ပါ