ဟာလေလုယ (ဖိုးဖန်)

Record Tracklist

  1. ဟာလေလုယ (ဖိုးဖန်) -:-- / 3:24

VERSE 1
တန်ဖိုးရှိတဲ့ ထာဝရအသက်တာ ရခဲ့ပြီးသား
တွေးတောဦး အဓိပ္ပါယ်ရှိစွာ ဟူး နေထိုင်ရဲ့လား
ဒီလောကမျက်နှာရှေ့မှာ ကိုယ်တော့်ရဲ့ သားသမီးဆိုတာ
လူတွေသိကြဖို့ တာဝန်ကျေနိုင်မလား

VERSE2
လူသားတိုင်းလိုအပ်မေတ္တာ မပေးနိုင်ဘူးလား
ဝမ်းနည်းမှု မျက်ရည်များစွာ ဟူး သင်မြင်ရဲ့လား
ငြိမ်သက်မှုကောင်းကင်ရှိတာ လက်တွဲလို့ လမ်းပြခေါ်ပါ
လူတွေသိကြဖို့ တာဝန်ယူပါလား

CHORUS
လောဘ မောဟ ဒီမြေမှာ
အားလုံး ပြောင်းလဲ နေနေကြ
ဟူး မပြောင်းလဲ အမြဲတမ်း တည်ရှိနေသူအကြောင်းကို
ချီးမွမ်းကာ သီချင်းဆို ဟာလေလုယာ

VERSE 3
အပြစ်တရားနဲ့ သေခြင်းအကြောင်းကို သိနေပြီးသား
အဆုံးအစမဲ့ ဝိညာဉ်များစွာ ဟူး ကမ္ဘာမြေပေါ်မှာ
သခင်ဘုရားရဲ့ ရှေ့တော်မှောက်ကို တစ်နေ့နေ့ရောက်ခဲ့ချိန်မှာ
ကိုယ်တော်က မေးရင် ဖြေဆိုနိုင်မှာလား