အလိုတော်အတိုင်းသာ (လေးလေးဝါး)

Record Tracklist

  1. အလိုတော်အတိုင်းသာ (လေးလေးဝါး) -:-- / 5:16

VERSE 1
ဒုက္ခရယ် သုခ အချိန်မရွေးဘူး အားလုံးကို ဆက်ကပ် ကိုယ်တော်ထံ
အလိုတော်ကို ဝန်ခံ အစဉ်ချီးမွမ်း ဘုရားမြတ်ရှင် ကောင်းကြီးပေးနေမှာ

VERSE 2
ဒို့လက်မခံလောက်တဲ့ စုံစမ်းခြင်းကို ဒို့လက်ကို ရောက်ဖို့ အခွင့်မပေးပါ
ကျော်လွန်ကာ အောင်မြင်မယ့်လမ်း ဘုရားမြတ်ရှင် လမ်းပြပေးနေမှာ

CHORUS
အလိုတော်အတိုင်းသာ သွန်သင်ပေးပါ
အလိုတော်အတိုင်းသာ အောင်မြင်များပေး
နေ့စဉ်အသက်တာ ကိုယ်တော်လက် အပ်နှံပါ

VERSE 3
နှလုံးသားများ သွေးများ ယိုစီးကျ ဒီထက်ပို အခြားမေတ္တာရှိမလား
အမှောင်နေ နေသူ အပြစ်သားများ အလင်းရအောင် လမ်းပြပေးနေမှာ