နာရီတစ်လုံးရဲ့ အချိန်လေးတွေ
နာရီလက်တံ စက္ကန့်လေးတွေ
တနေဝင် တနေထွက် ရွက်ဝါလေးတွေ
ကြွေနေချိန်တောင် ရောက်ခဲ့ပြီ
ပင်စည်အကိုင်းအခက် ထိပ်ဖျားက
ရွက်နုလေးတွေ ထွက်လာရင်
သေချာပါပြီ သူလာဖို့ သိပ်နီးနေပြီ
ကိုယ်စီရှိတဲ့ သံယောဇဉ်တွေ
ရင်မှာအချစ်ရဲ့ နောက်ဆက်တွဲတွေ
ဘယ်သူကျောခိုင်းသွားနိုင်မလဲကွယ်
အစေခံလမ်းက အရမ်းကြမ်းတယ်
ဆိုးညစ်တဲ့ ဘဝခရီးအတွက်
အသက်ကိုတောင် စွန့်ရမယ်
အစေခံလမ်း ကြမ်းတမ်းလွန်းတယ်