အိပ်မက်လေးတွေအကြောင်း – အဲလက်စ်

Record Tracklist

  1. အိပ်မက်လေးတွေအကြောင်း – အဲလက်စ် -:-- / 4:27

တေးရေး-စောဘွဲ့မှူး

VERSE 1
သစ်ရွက်ကလေးတွေလည်း တဖြုတ်ဖြုတ်လွင့်ကြွေဆဲ
ပန်းပွင့်ကလေးတွေလည်း သစ်ရွက်ကလေးလိုပဲ
လူသားဘဝအမှန်သည်လည်း အိပ်မက်ကလေးလိုပဲ
တချိန်မှာ အခိုးအငွေ့အဖြစ်နဲ့ လွင့်ကွယ်ပျောက်သွားမယ်

VERSE 2
နှလုံးကြေကွဲစွာနဲ့ နှုတ်ဆက်ခဲ့ပါတယ်
တစ်နေ့ပြန်တွေ့မှာပါ သိနေကြသော်လည်း
မြတ်ဘုရားသခင်ရဲ့ ရောက်ရှိသွားသူအတွက်
ဘာကြောင့် ဝမ်းနည်းနဲ့ မျက်ရည်လည်မိတယ်

CHORUS
မတားပါနဲ့ ဧည့်သည်တစ်ဦးရဲ့ အိမ်ပြန်လမ်းခရီးကို
မသွားချင်လည်း ချိန်းချက်လာသော တစ်နေ့ရောက်ရှိခဲ့ရင်
ဘုရားသခင်ရဲ့ ရင်ခွင်တော်မှာ အားလုံး ပြည့်စုံမယ်
ကတိစကားတွေ ယုံသောသူ ရွှေပြည်တော်မှာ ဘုန်းတော်ဝင်စားမယ်

VERSE 3
ဧည့်သည်ချင်းတွေပဲ သဘောပေါက်နားလည်တယ်
အိပ်မက်ကလေးတွေအတွက် နှလုံးကြေကွဲသော်လည်း
ဒီလောကကြီးအပူမီး ငြိမ်းချုပ်သွားလေမယ့်
တစ်ချိန်မှာ ဝမ်းမြောက်ခြင်းနဲ့ ဘုန်းတော်ဝင်စားမယ်

မူရင်း-ထွဏ်းထွဏ်း Love Song Album မှဖြစ်ပြီး သူရဲကောင်း အယ်ဘမ်တွင်ပြန်သီဆိုထားပါသည်။