ပြန်ခဲ့ပြီ – ထွဏ်းထွဏ်း

Record Tracklist

  1. ပြန်ခဲ့ပြီ – ထွဏ်းထွဏ်း -:-- / 4:33

အမှောင်မှာ လျှောက်လည် ကိုယ်အလိုကို ရှေ့ထား
လောကကြီးအရသာ အဘယ်သို့ရှိ
အန္တရာယ်တွေကြားမှာ ပျော်ရွှင်ကျင်လည်ရင်း
အဆုံးမဲ့လမ်းထဲ ဇွတ်တိုးဝင်
အို ငါ့ဝိညာဉ်အား သင်သည် စားသောက်ပျော်မွေ့လော့
အဆုံးမရှိ နှလုံးသားမှာ မိုက်မဲခြင်း

နာကျင်ခဲ့ပြီ ဒဏ်ရာဒဏ်ချက်များ
အရှုံးနဲ့ နှလုံးသား နင်းကြွေကွဲခြင်း
မသေချာမှုတွေ ခိုဝင်နေသော်လည်း
သခင့်ရဲ့အနီးဆုံးမှာ နောင်တများ
အို ငါ့အိပ်မက် လေမှာ အချည်းနှီးပျောက်ဆုံးခဲ့
ငြိမ်သက်ခြင်းများ တကယ် မရှိတော့ပါလား

စိတ်ဝိညာဉ်များ ဒဏ်ရာအထပ်ထပ်ရခဲ့ပြီ
အို အားပေးမယ့်သူဝေး ပြန်လိုချင်တယ် ဖြူစင်ခြင်းများ
သခင့်ရဲ့ သိုးသငယ်လေး ပြန်ခဲ့ပြီ