ဘာတွေများပေးဆပ်မလဲ စဉ်းစားရင်
ကိုယ်တော်ရဲ့ ကောင်းမြတ်ခြင်း စဉ်းစားမကုန်
ဘယ်အရာအတွက် အကောင်းဆုံးပေးသင့်တယ်
စဉ်းစားတိုင်း အဖြေမရ ခက်မိတယ်
ကရာနီမှာ ဒို့တွေအတွက် အသက်စွန့်တယ်
မမှီနိုင်တဲ့ ချစ်ခြင်းမေတ္တာပြခဲ့တယ်
ဘယ်လိုများ ကိုယ်တော့်အတွက် ပေးဆပ်မယ်
စဉ်းစားပါ အချိန်လေး မနှောင်းသေးပါ
တွေးတောကြည့်ပါဦး သခင့်ရဲ့စကား နားထောင်ခြင်းဟာ
ကိုယ်တော်ကို အမှန်တကယ်ပဲ ချစ်ခြင်းရောက်တယ်
ယေရှုမိန့်မှာထား ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်မျှချစ်ဖို့လည်း
အချင်းချင်းနှိမ့်ချခြင်း ခွင့်လွှတ်ခြင်း မှာကြားခဲ့တယ်
သခင့်ရဲ့အလိုတော်ကို လိုက်လျှောက်နားထောင်ခြင်းဟာ
အကောင်းဆုံးသော ပေးဆပ်ခြင်းပါ