ဘုရားရှင် ကူညီလမ်ပြမှု ခံယူစေပါ ဒီဘဝဆုံးထိတိုင်
ဘဝရယ် အခါခါလဲခဲ့လို့ ဒဏ်ရာတွေသာ ရင်မှာတင်းကျပ်လွန်းပြီ
VERSE 1
အဆိုးနဲ့အကောင်းပိုင်းခြား ဝေဖန်ရင်း အသိစိတ်က နိုးထချိန်မှာတော့
ဒီခရီးလည်း အမိုက်မဲဆုံး ရောက်ရှိနေမယ်
စွန်းထင်းခဲ့ အပြစ်ရဲ့အနစ်တွေဟာလည်း ဘဝတစ်ခုလုံး ချောက်လှန့်ကာနေလို့
မျှော်လင့်ချက် အားနည်းလို့ ချိနဲ့နေပြီ
CHORUS 1
တစ်ခါတစ်လေမှာ လှိုင်းလုံး(လှိုင်းလုံး) တွေကြီးလို့
အဆိုးဆုံး နစ်မြုပ်ဆဲမှာ လှေငယ်လေး
ကယ်သူကို လက်ယပ် (လက်ယပ်) ခေါ်တော့မှ
ကမ်းလက်ပေးသနားကာ ဆယ်ယူစဉ်တွေ့ရသည်
ရင်မှာ မွန်းကြပ်လို့ ပြည့်နှက်နေတဲ့ ဒီအခိုးအငွေ့တွေကို
ဖြူစင်အောင်လေရှင်းမယ်
VERSE 2
ကျေးဇူးတရားအတိုင်းအဆကို ရေတွက် တွေးကြည့်မှ သိခဲ့ရချိန်မှာတော့
ဒီခရီးလည်း နွမ်းလျလို့ မောဟိုက်နေမယ်
ဖြောင့်မတ်ခြင်းတရား ရိပ်ခိုနိုင်ရေး ခွင့်လွှတ်ဖို့ တောင်းလျှောက်ခဲ့စဉ်မှာတော့
ဒီနှလုံးသားလည်း ကျိုးပဲ့လို့ ကွဲအက်ကုန်ပြီ
CHORUS 2
ယုံကြည်စွာစွဲလန်း (စွဲလန်း) နေမိတဲ့
လမ်းမှားလိုက်ခဲ့မိစဉ် အမြင်ရယ်မှား
ဒီဝေဒနာချုပ်ငြိမ်း (ချုပ်ငြိမ်း) စေဖို့အတွက်
ဒူးထောက်ပြပ်ဝပ်ကာ ဝန်ခံစဉ် တွေ့ရသည်
ရင်မှာ မွန်းကြပ်လို့ ပြည့်နှက်နေတဲ့ ဒီနှလုံးသားဒဏ်ရာ
ကွယ်ကာလေ ပျောက်ဖို့