ဆက်ကပ်မယ် -ဇမ်နူး

Record Tracklist

  1. ဆက်ကပ်မယ် -ဇမ်နူး -:-- / 3:55

VERSE 1
လိုအင်ဆန္ဒနဲ့ တပ်မက်မှုတွေ ဘယ်လိုမှ ဖျောက်ဖျက်မရပါ
တကယ်တော့ ထိုအရာများအားလုံး မတည်မြဲခြင်းတွေ
သိနေလျက်နဲ့တွယ်တာခဲ့ မိုက်ပြစ်များကြား သခင့်အတွက် တကယ်ပဲ
မှားယွင်းမိတဲ့ အပြုအမူတွေကြား
စိတ်ဓါတ်ကြေကွဲ ဝမ်းနည်းလို့လာခဲ့ပြီ

VERSE 2
နောင်တတရားနဲ့ သခင်ဆီ အပြစ်များ ဝန်ချတောင်းပန်
ကြုံနေရတဲ့ဝေဒနာ ဒုက္ခမှ လွတ်ငြိမ်းလာ
စမ်းလိုအေးတဲ့ဘဝမျိုး ယနေ့ပင် ကျွန်ုပ်ရလို့လာပြီ
ရှေ့ဆက်ရမယ့်အသက်တာအတွက်
လုံး၀ မကြောက်ဘဲ သခင့်ဆီလှမ်းနိုင်ခဲ့ပြီ

CHORUS
အမှန်တကယ်ပဲ စဉ်းစားတွေးတဲ့အခါတိုင်း
ယေရှုရဲ့ချစ်မေတ္တာတော်ဟာ ကြီးမား
မယုံနိုင်အောင်ဘဲ အသွေးဖြင့်ရင်းပြီး
သူလေ အပြစ်တွေအတွက် အသက်တော်ကို စွန့်ရှာ

ENDING
သခင့်အတွက် ဒို့အားလုံး ဆက်ကပ်မယ်