နီးမလားဝေးမလား-၀တ်ရည်ကျော်ကျော်

Record Tracklist

  1. နီးမလားဝေးမလား-၀တ်ရည်ကျော်ကျော် -:-- / 4:07

VERSE 1
လိုတာတွေထက် ဒို့တွေပိုပြီးလေ တခါတလေ တပ်မက်ချင်ကြတယ်
ကိုယ်တော်ကို ဘေးဖယ်ကာ ထင်သလိုပြုတတ်တဲ့ ညာဉ်ဆိုး
တယူသန်စွဲတွေ ရင်မှာညှိပြီး မာန်မာနတွေထောင်လွှားကာ
အမှောင်ဖုံးတဲ့အသက်တာလေးအတွင်းမှာလှုပ်ရှားရုန်းကန်ရင်း

CHORUS
ကိုယ်တော်နဲ့ ဝေး ဝေး ဝေး ဝေးနေမှာလား
သူတို့ဘဝမီးအိမ် စိုးရိမ်ပူစရာ ဖြစ်လို့နေပြီ
တကယ်ပင် နီး နီး နီး နီးလို့နေပါလား
အနာဂတ်အတွက် လုံး၀ စိတ်ချသွားနိုင်တယ်

VERSE 2
အကြင်နာတရား အခုလိုအချိန်မျိုးမှာ ရှာမှရှားမတွေ့နိုင်လောက်အောင်
ကုန်ကာခမ်းသွားတဲ့ လူ့လောကရဲ့အလယ်မှာ
သင်ဘာလုပ်မယ် စိတ်ကူးသေးလဲ တွေဝေငေးငိုင်နေဦးမလား
သခင် ဒုတိယအကြိမ် ကြွလာဖို့အချိန် အလွန်နီးကပ်နေပြီ