ဧဒင်သစ်ဆီသို့ – H ဂျိုးဇက်အောင်

Record Tracklist

  1. ဧဒင်သစ်ဆီသို့ – H ဂျိုးဇက်အောင် -:-- / 4:57

တေးရေး – H. ဂျိုးဇက်အောင်

VERSE 1
ကမ္ဘာဦးအစ လူသားဘ၀ ဝိညာဉ်သားအတိုင်း ထုဆစ်တာ
သူ့ရဲ့အလိုအတိုင်း အသက်ရဲ့တန်ခိုးကို ဖော်ဆောင်နိုင်ဖို့ပါ
ဤနေ့ရက် သင်နှင့်ကျွန်ုပ် ဒီသီချင်းကျူးဧရင်းနဲ့
အဖဘုရားရဲ့အလိုအတိုင်း ဆက်ကပ်စို့နော် ဧဒင်သစ်ကလေးမှာ

VERSE 2
ရည်စူးရင်း သခင်ဘုရားအတွက် ကိုယ်တတ်စွမ်းသလောက်ပေးဆပ်ပါ
နေ့သစ်ဘဝရဲ့လမ်းမထက်မှာ ဇိမ်ခံနိုင်ဖို့ရာ
ခွန်အားများ ဉာဏ်အစွမ်းများ အချိန်တွေတိုင်းလည်း ဘုရားအရိပ်မှာ
အုပ်စိုးပိုင်သော သခင့်ရဲ့အခွင့်နဲ့ တည်စေဖို့အတွက်ပါ

CHORUS
ဝေးကွာသူကို ဘုရားနယ်နိမိတ်ထဲ သွေးဆောင်နိုင်ဖို့ရန်
နှုတ်ကပတ်တရားသာ မှန်သော လမ်းစဉ်ပါ
အနီးမှ အနီးလေး ဘုရားရဲ့မေတ္တာတွေ ရှိရာဆီတွဲခေါ်
လမ်းမှန်ရှာသူတွေအတွက်ကို
သခင်ခင်းထားတဲ့ ရွှေခရီးလမ်းဟာ အနီးလေးပဲ
စိမ်းလန်းသော ဧဒင်သစ်ကလေးဆီကွယ်