ပြန်လာခဲ့တော့-ခင်ခင်မိုး

Record Tracklist

  1. ပြန်လာခဲ့တော့-ခင်ခင်မိုး -:-- / 4:17

တေးရေး-စောဝင်းလွင်

VERSE 1
ညသန်းခေါင်ယံထက်တော့ မပိုတော့ပြီ
ငြင်းဆိုတဲ့ စကားလေးကြားယောင်မိ
ဘဝတေလေ အလှမက်သူ မင်းသိပါ
ပျက်အစဉ်ပင် ခဏမို့ အဟောင်းစွန့်ပြီး

CHORUS
ပြန်လာခဲ့တော့ ပြန်လာခဲ့လေ
ဘဝသစ်ထဲကို အသစ်ဖြစ်လာနိုင်ဖို့
ပြုပြင်ပါ မနှောင်းသေးခင်မို့
ခွင့်လွှတ်သူ ကမ်းလင့်ကြိုနေ
ပြန်လာပါ သူ့ရဲ့မေတ္တာအရိပ်
အချိန်တွေရှိတုန်း ပြန်လာခဲ့လေ
ဘဝသစ်ထဲကို ပြန်လာခဲ့တော့
(ပြန်ခဲ့တော့ ပြန်ခဲ့တော့
ဘဝဟောင်းရဲ့စွဲလန်းမှုမျိုးစုံ စွန့်လွှတ်
လာခဲ့တော့ ဒီအမှောင်ထဲညစ်စွန်းခဲ့တဲ့ဘဝကို ဆေးကြော)

VERSE 2
ဘဝအမှောင်တွေ အလင်းသို့ ခုန်ကူးပြီ
ခရစ်တော်ရှင်ပေးတဲ့ လင်းရောင်ခြည်
ညအမှောင်ကမ္ဘာလမ်းပျောက်သူတိုင်းအား
လမ်းမှန်ကို ရရှိခဲ့ပြီမို့