သတင်း – ဂရေဟမ်

Record Tracklist

  1. သတင်း – ဂရေဟမ် -:-- / 3:12

တေးရေး – သောမတ်(စ်)

ဖွင့်ပြောရင်(ချင်)လည်း ကိုယ်ကိုယ်တိုင်က ဖြစ်ခဲ့တာ/အပြစ်ရှိတာ
ပြောရင် ကိုယ်လည်း အပြစ်ရှိသူတစ်ယောက်ပါ
အကျင့်ဆိုးတွေနဲ့ လူတကာရွံတဲ့ သောမတ်(စ်)ဟာ
ဂျိမ်း(စ်)ကို အပြစ်ပြောလို့ ထူးမှာတဲ့လား

လက်ရဲဇက်ရဲ ဂျွန်ကို လူတိုင်းကြောက်ကြတာ
မူးရင် ဘာမှ ဂရုမစိုက်သူတစ်ယောက်ပါ
လစ်ရဲသုတ်ရဲ စွန်လိုမြန်တဲ့ မိုးဇက်ဟာ
အကျဉ်းထောင် အချုပ်ခန်း သူ့အတွက် အိမ်တဲ့ကွာ

ကျမ်းစာထဲမှာရှိတဲ့ နာမည်အဓိပ္ပါယ်သိကြလား
ရှိခဲ့ဖူးတဲ့ အတိတ်က သူတော်စင် သမိုင်းဝင် သူရဲကောင်းများ
လေ့လာကြည့် သူတို့ရဲ့ ရာဇဝင် သက်သေအကြောင်းရင်းဟာ ဘာတွေလဲ
ကိုယ့်မှာရှိတဲ့ ကိုယ့်ရဲ့နာမည် သမိုင်းကို မသိတဲ့ခါ
ကျမ်းစာထဲမှာရှိတဲ့ သူတော်စင်တို့ကို ထိခိုက်စရာ
ဒီထက်ဆိုးတာ ဘုရားဘုန်းတော် နာမတော်
ညှိုးနွမ်းမှာ သတိထား

ရင်နင့်စရာပဲ မေရီဆိုတဲ့ မိန်းကလေးဟာ
ညအမှောင်ပျော်တဲ့ ညဉ့်ငှက်မယ်တဲ့ကွာ
ဆံပင်များဖြူလည်း ပီတာဆိုတဲ့ အဘိုးကြီးဟာ
မယားဆိုရင်လည်း ကိုးယောက်ထက်မနည်းပါ