ပြန်လည်ဆုံတွေ့ကြရင် – အကြင်နာသောမတ်စ်

Record Tracklist

  1. ပြန်လည်ဆုံတွေ့ကြရင် – အကြင်နာသောမတ်စ် -:-- / 5:32

တေးရေး – သောမတ်(စ်)

ကောင်းကင်ဘုံမှ တွေ့ဆုံတဲ့အခါ ဟိုး အရင်လို မှတ်မိဦးမလား
အရင်လို လက်ဆွဲနှုတ်ဆက်မလား နွေးထွေးစွာ ကြိုဆိုဦးမလား

ဒီကမ္ဘာမှာ အရင်းနှီးဆုံး အချိန်တွေကို အမြဲသတိရ
အိမ်ပြန်ချိန် တံခါးဝမှာ တွေ့မယ်အသေအချာ
မြင်နေကျ အပြုံးကလေးများ တီတီတာစကားလုံးနဲ့
ကြင်နာစွာ ပွေ့ဖက်ဦးမလား

ကောင်းကင်ဘုံမှာ တွေ့ဆုံတဲ့အခါ ဟိုး အရင်တစ်ခါ ဒို့နေခဲ့ကမ္ဘာ
ပြန်ချင်တဲ့အကြောင်း ပြောဦးမလား လူ့ဘဝကို တွယ်တာဦးမလား

ဒီကမ္ဘာမှာ မမြဲအနိစ္စ ဝေဒနာဝဋ်ဆင်းရဲများ
အိမ်ပြန်ချိန် အားလုံး ကျန်ကြွင်းမှာ အသေအချာ
ဒါပေမယ့် အတိတ်ဘဝက ကျန်သူကို မှတ်မိမလား
ပျူငှာစွာ နှုတ်ဆက်ဦးမလား

ယုံကြည်စွာ အိပ်စက်ခဲ့သူ နောက်ဆုံးခရီး
မျက်ရည်တွေ စီးကျလည်းလေ
အိမ်ပြန်မယ့် နိုင်ငံတော်သားတို့
ခွဲရပါစေ ပြန်ဆုံတွေ့ကြမယ်
ရင်ခွင်တော် အေးရိပ်က ကိုယ်တော်ရဲ့ သားသမီးများ
အိမ်ပြန်ချိန် တံခါးဝမှာ တွေ့မယ် အသေအချာ
ဒါပေမယ့် အတိတ်ဘဝက ကျန်သူကို မှတ်မိမလား
ကြင်နာစွာ ပွေ့ဖက်ဦးမလား