လိုအပ်ချက် – မာရဇ္ဇ

Record Tracklist

  1. လိုအပ်ချက် – မာရဇ္ဇ -:-- / 3:17

တေးရေး – သောမတ်(စ်)

ကောင်းမှုတွေ မကောင်းမှုတွေနဲ့ ရောထွေးငါ့အဖြစ်များ
သိမှုတွေ မသိမှုတွေနဲ့ အဆုံးသတ်သွားမှာလား
ရှာနေတာ ငါမတွေ့ပေမယ့် လာနေတာ တရွေ့ရွေ့ပဲ
ကြာလာလေ နီးလာခဲ့လို့

လောဘတွေ ဒေါသတွေနဲ့ မီးတောက်နေ့ရက်များ
အတ္တတွေ အနတ္တတွေနဲ့ အနိစ္စခရီးစဉ်များ
ရှာနေတာ ငါမတွေ့ပေမယ့် လာနေတာ တရွေ့ရွေ့ပဲ
ကြာလာလေ နီးလာခဲ့လို့

အနိစ္စလွန် ခရီးဆက်ဖို့ သော့လေးတစ်ချောင်းလိုတယ်
ငါ့ဝိညာဉ်လွတ်မြောက်ဖို့ သော့လေးတစ်ချောင်းလိုတယ်
မိုးကောင်းကင်တံခါးဖွင့်ဖို့ သော့လေးတစ်ချောင်းလိုတယ်

ငါ့ရှေ့မှာ အခိုးအငွေ့တွေပမာ ပျောက်လွင့်လူ့ဘဝများ
ငါ့နောက်မှာ စပျောက်ပါ့မလား အနိစ္စမျက်လှည့်ကြား
အမှန်ဖွေရှာ ငါ့အမှားတွေအတွက် သေချာတာ ငါတစ်ခုမြင်ခဲ့
ငါဆိုတာ အမြဲမရှိဘူး ဟေ့

ထွက်မြောက်ရာလမ်းစဖွေရှာ မွန်းကြပ်ဝိညာဉ်များ
လမ်းတစ်ဝက်မှာ မှန်းချက်မရေရာ အဆုံးသတ်သွားမှာလား
အမှန်ဖွေရှာ ငါ့အမှားတွေအတွက် သေချာတာ ငါတစ်ခုမြင်ခဲ့
ငါဆိုတာ အမြဲမရှိဘူး ဟေ့